ပြင်ဦးလွင် နိုဝင်ဘာလ ၁၀ ရက်
ပြင်ဦးလွင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ် တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် မြေသားရေကန်တူးဖော်ခြင်း (၂၀၀’×၁၁၀’×၆’) ၊ Chain Link ကာရံခြင်း (၇၈၀’×၅’) နှင့် တုံကင်(၄)စုံတပ်ဆင်ခြင်း လုပ်ငန်းအား နောင်လှိုင်ကျေးရွာအုပ်စု နောင်လှိုင်ကျေးရွာ တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါမြေသားရေကန်တူးဖော်ခြင်းလုပ်ငန်းအား ခရိုင်ဦးစီးမှူး ဦးဇေယျာညို၊ မြို့နယ်ဦးစီးမှူး ဦးထိုက်နှင့် တာဝန်ခံအင်ဂျင်နီယာများမှ ယနေ့နံနက်ပိုင်းအချိန်က ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ပါ သည်။
ဆက်လက်၍ ပြင်ဦးလွင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇေယျာညိုမှ အဆိုပါလုပ်ငန်းနှင့်ပတ်သက်၍ ကျေးရွာရေကော်မတီများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါ သည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်