Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပုသိမ်ကြီးမြို့နယ်နန္ဒာကျေးရွာအုပ်စု၊ နန္ဒာခေတ်မီစံပြကျေးရွာ(SMART Village)ကျေးရွာတွင် ခရိုင်ဦးစီးမှူးနှင့်တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး


10 Nov,2023

ပုသိမ်ကြီး   နိုဝင်ဘာလ   ၁၀

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော နန္ဒာခေတ်မီစံပြကျေးရွာ(SMART Village)သို့ အမရပူရခရိုင်၊ခရိုင်ဦးစီးမှူးဦးဝင်းမြင့်နှင့် တာဝန်ရှိသူများသည် (၈.၁၁.၂၀၂၃)ရက်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

ခရိုင်ဦးစီးမှူးနှင့်တာဝန်ရှိသူများသည် နန္ဒာခေတ်မီစံပြကျေးရွာ၌ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ် အတွင်း ငွေလုံးငွေရင်း(မူလ)ရန်ပုံငွေကျပ် (၅၄.၅၅၉၃)သန်းဖြင့် Bihope World ကုမ္ပဏီကဆောင်ရွက်သည့် ၄’’ ø PVC ၄၀၀’ စက်ရေတွင်းတူးခြင်း၊ဂါလံ(၂၄၀၀)ဆံ့ စင်မြင့်ရေစင်၊ Steel Structure ရေစက်ရုံ (၂၀’×၁၅’×၁၀’)၊ ရေသန့်စင်စနစ်(1000LPH) လုပ်ငန်းအားဦးစွာကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ထို့နောက် ခေတ်မီစံပြကျေးရွာထူထောင်ခြင်းလုပ်ငန်း ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ်(၉.၀၀)သန်းဖြင့်ဆောင်ရွက်သော ရေသန့်စက်ရုံခြံစည်းရိုးကာရံခြင်း(၄၀’x၄၀’x၆’)လုပ်ငန်း နှင့် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ်(၁.၄၀၄)သန်းဖြင့် ဆောင်ရွက်သောရေသန့်စက်ရုံဝန်းအတွင်း ကျောက်ရော မြေဖို့ခြင်း(၅၄’x၅၀’x၂’)လုပ်ငန်းအားလည်းကောင်း၊ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း(RBF)ဖြင့်ဆောင်ရွက်သော ရတနာဖြိုး (အထည်ချုပ် လုပ်ငန်း) နှင့် အောင်မေတ္တာ(နွားမွေးမြူရေးလုပ်ငန်း)များသို့ ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm