Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တောင်သာမြို့နယ် ရေခါးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ဖြင့်ဆောင်ရွက်သော ရေခါးကျေးရွာကွန်ကရစ်လမ်း ဖွင့်ပွဲပြုလုပ်


10 Nov,2023

တောင်သာ နိုဝင်ဘာ ၁၀

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ရေခါးကျေးရွာ ရွာတွင်း လမ်းများ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါ လမ်းမုဒ်ဦး အရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ဖွင့်ပွဲအခမ်းအနားအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်း၊ ရေခါးကျေးရွာကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး လုပ်ငန်းလွှဲပြောင်းအပ်နှံခြင်း အခမ်းအနား ဆက်လက်ကျင်းပရာ ကမ္ဘာအောင်သိဒ္ဓိဆရာတော်၏တပည့် အရှင်ပညာစာရ ရေးစပ်သီကြူးသော "ဝမ်းမြောက်စေကြောင်းဆုမွန်တောင်း" ကဗျာကို ကျောင်းသူ မသီတာအေးချမ်းကလည်းကောင်း၊ စာရေးဆရာမင်းသုဝဏ်၏ "ဝမ်းနည်းပါကြောင်း" ကဗျာကို ကျောင်းသူ မဇူဇင်နှင်းဝေ ကလည်းကောင်းရွတ်ဆို၍ ဖွင့်လှစ်လှစ်ပေးခဲ့သည်။

ဆက်လက်၍ မြို့နယ်ဦးစီးမှူးဦးမြတ်မျိုးထွန်းက စီမံကိန်းရည်ရွယ်ချက်၊ကျေးရွာစိတ်ဓါတ်နှင့် စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ်အကြောင်း ဆွေးနွေးပြီး ကျေးရွာလှပသာယာစေရေး အမှိုက်ကျင်းထားရှိပြီး အမှိုက်ပုံးဖြင့် စနစ်တကျ စွန်ပစ်ရန်နှင့် ဆောင်ရွက်ပြီးလုပ်ငန်းများ ရေရှည်တည်တံ့အောင်ထိန်းသိမ်း ဆောင်ရွက်နိုင်ရေး မှာကြားပြီး အစီအစဉ်အရ အခမ်းအနားဆက်လက်ကျင်းပရာ မြို့နယ်ဦးစီးမှူးက ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဥက္ကဌထံလည်းကောင်း၊ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဥက္ကဌက ကျေးရွာလမ်းထိန်းသိမ်းရေး ကော်မတီထံသို့လည်းကောင်း အသီးသီးလွှဲပြောင်းအပ်နှံခြင်း ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

အဆိုပါ ရေခါးကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းအား စီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၁၅၀၊ ပြည်သူလူထု ထည့်ဝင်ငွေ ၅၇ သိန်း၊ အခြားအလှူရှင်များမှ လှူဒါန်းငွေများဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ လုပ်ငန်းများ အားလုံး ရာနူန်းပြည့်ပြီးစီးအောင်မြင်ခဲ့သဖြင့် ကျေးရွာရှိ အိမ်ခြေ (၂၂၀)၊ လူဦးရေ ၁၅၆၄ ဦး အတွက် သွားရေးလာရေးလွယ်ကူချောမွေ့လာနိုင်ပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးဦးမြတ်မျိုးထွန်းက ပြောပြသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm