Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒုတိယဝန်ကြီး ဦးမြင့်စိုး သင်တန်းထူးချွန်သူများအား ဂုဏ်ပြု၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်


12 Nov,2023

နေပြည်တော် နိုဝင်ဘာ ၁၀

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများ လိုက်ပါလျက် နိုဝင်ဘာလ ၁၀ ရက်နေ့၊ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သော အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် အခြေခံစက်ချုပ်သင်တန်းတွင် ထူးချွန်ဆုရသင်တန်းသူများအား လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

          အခမ်းအနားတွင် ဒုတိယဝန်ကြီးက အမှာစကားပြောကြားပြီး ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူ များက ထူးချွန်ဆုရသင်တန်းသူများအား အပ်ချုပ်စက်၊ ဘီတင်စက်၊ ဓါးစက်၊ ကြယ်သီးရိုက်စက် အပါအဝင် လုပ်ငန်းသုံးပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် အင်္ဂပူမြို့နယ်၊ ရွှေတောင်စု ခေတ်မီစံပြကျေးရွာသို့ ရှောက်ရှိပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ခွင့်ပြုရန်ပုံငွေ ဖြင့် ဆောင်ရွက်ခဲ့သော ကုန်ထုတ်လမ်း အရှည် ပေ ၉၂၀ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ကြည့်ရှု စစ်ဆေးသည်။ ယင်းနောက် ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံကာ ကျေးရွာရှိလယ်မြေ ၂၂၁ ဧကတွင် အထွက်တိုးစပါးမျိုးများ ပြောင်းလဲစိုက်ပျိုးရန်နှင့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရန် မှာကြားခဲ့သည်။

          ထို့နောက် ဒုတိယဝန်ကြီးသည် အင်္ဂပူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးခန်းမတွင် ကျင်းပပြုလုပ်သော အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် အခြေခံ စက်ချုပ်သင်တန်းတွင် ထူးချွန်ဆုရသင်တန်းသူများအား လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်း အနားသို့ တက်ရောက်သည်။

          အခမ်းအနားတွင် ဒုတိယဝန်ကြီးက အမှာစကားပြောကြားပြီး ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူ များက ထူးချွန်ဆုရသင်တန်းသူများအား အပ်ချုပ်စက်၊ ဘီတင်စက်၊ ဓါးစက်၊ ကြယ်သီးရိုက်စက် အပါအဝင် လုပ်ငန်းသုံးပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် မြန်အောင်မြို့နယ်၊ ညောင်ချဉ်ကျေးရွာရှိ တိုးတက်အောင် နေကြာစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း၏ နေကြာစိုက်ခင်းများနှင့် မြေပဲစိုက်ခင်းများအား ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

          ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် မြန်အောင်မြို့နယ်၊ ဇီးဖြူကုန်းကျေးရွာရှိ ခတ္တာ စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ လယ်မြေ (၃၀၉) ဧကတွင် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဧရာမင်း မိုးစပါးရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးကာ ဒုတိယဝန်ကြီးက အထွက်တိုးစပါးမျိုးများ ပြောင်းလဲစိုက်ပျိုးရေး၊ စိုက်နည်းစနစ်များ မှန်ကန်စေရေး၊ သွင်းအားစု များကို စနစ်တကျအသုံးပြုရေး မှာကြားခဲ့သည်။

          ယင်းနောက် ဒုတိယဝန်ကြီးသည် မြန်အောင်ခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနရုံးသို့ သွားရောက်ပြီး ဦးစီးဌာန (၄) ခုမှ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဝန်ထမ်းများနှင့်တွေ့ဆုံ ရာတွင် ဝန်ထမ်းသက်သာချောင်ချိရေး ကိစ္စရပ်များအား တာဝန်ရှိသူအဆင့်ဆင့်က အလေးထား ဆောင်ရွက်ပေးရန်၊ မိမိတို့ဘဝတိုးတက်ရေးအတွက် အခွင့်အလမ်းများရှာဖွေ၍ ကြိုးစားဆောင်ရွက် ရန် မှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။

          ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ကြံခင်းမြို့နယ်၊ အိုးဘိုကုန်းကျေးရွာသို့ ရောက်ရှိပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP ရန်ပုံငွေ၊ ကျေးရွာလူထုထည့်ဝင်ငွေတို့ဖြင့် ကျေးရွာအဝင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm