Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး နေပြည်တော်ကောင်စီနယ်မြေအတွင်း သမဝါယမလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး


10 Nov,2023

နေပြည်တော် နိုဝင်ဘာ ၁၀

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နေ့လယ်ပိုင်းက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့နယ် သူဌေးကုန်းကျေးရွာ၌ ပျဉ်းမနားမြိုနယ်သမဝါယမအသင်းစုပိုင် မြေဧက ၂၀ ပေါ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများနှင့် တိရစ္ဆာန်အစာစပ် စက်ရုံတည်ဆောက်မည့် မြေနေရာအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည့် ပျဉ်းမနားမြို့နယ်၊ သူဌေးကုန်းကျေးရွာသို့ သွားရောက်သို့ ရောက်ရှိပြီး ပျဉ်းမနားမြိုနယ်သမဝါယမအသင်းစုပိုင် စိုက်ပျိုးဧက ၂၀ ဧကကျော်ပေါ်တွင် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် သမဝါယမအသင်း တောင်သူများ စိုက်ပျိုးခဲ့သော မိုးစပါးများ ရိတ်သိမ်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စု ဝန်ကြီးက အထွက်တိုး မျိုးများကိုသာ စုပေါင်းစိုက်ပျိုးခြင်း၊ ထွက်ရှိလာသော မိုးစပါးများအား စုပေါင်းရောင်းချခြင်း၊ ဈေးနှုန်းမှန်ကန်စွာရရှိရေးဆောင်ရွက်ပေးရန်နှင့် စပါးများရောင်းချမှုမှရရှိသည့် ငွေများအနက် အသင်းသား တောင်သူများအား Refund ငွေများ ပြန်လည်ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်၊ အသင်းသားများနှင့်ညှိနှိုင်းပြီး အကျိုးအမြတ်များကို ညီတူမျှတူခွဲဝေ ပေးနိုင်ရေး ဆောင်ရွက်သွားရန်၊ စိုက်ပျိုးမြေများအား တစ်ဆက်တစ်စပ်တည်း ဧကကွက်များ ဖြစ်ပေါ်စေရေး ကုန်ထုတ်လမ်းသွယ်များ ၊ ရေမြောင်းများ ဖောက်လုပ်ဆောင်ရွက်သွားရန်နှင့် စနစ်ကျလယ်ယာမြေအဖြစ်ဖော်ဆောင်နိုင်ရေး လိုအပ်သည်များ ပြန်လည်တင်ပြသွားရန် လမ်းညွှန် မှာကြားပြီးနောက် အသင်းသားများ အကျိုးတူ စုပေါင်း မွေးမြူထားသော အသားတိုးကြက် မွေးထားရှိမှု အခြေအနေများအားလည်းကောင်း၊ မြို့နယ်သမဝါယမအသင်းစုနှင့် ရွှေပြည်တံခွန် ကုမ္ပဏီလီမိတက်တို့ အကျိုးတူပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် တိရစ္ဆာန်အစာစပ် စက်ရုံတည်ဆောက်မည့်  မြေနေရာအခြေအနေများအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ ဖြည့်စွက်မှာကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ်၊ စိမ်းစားပင်ကျေးရွာရှိ ရွှေဇေယျာ သမဝါယမအသင်းနှင့် အောင်နိုင်သစ္စာကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်နေသော ကိုရီးယားပြည်သူ့ သမ္မတနိုင်ငံနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့်  မြန်မာ- ကိုရီးယားအဆင်မြင့်ဆန်စက်သို့ ရောက်ရှိပြီး စပါးကြိတ်ခွဲ ဆောင်ရွက်နေမှု အခြေအနေများ၊ ထွက်ရှိလာသော ဆန်များ တင်ပို့ရောင်းချနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များအား ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm