Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ညောင်ဦးမြို့နယ် ချောက်ကန်ကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်မှုနှင့် ဆိုလာရေသန့်စင် စနစ်တပ်ဆင်အသုံးပြုမှု အခြေအနေများ ကွင်းဆင်းစစ်ဆေး


10 Nov,2023

ညောင်ဦး   နိုဝင်ဘာလ  ၁၀

          မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးခရိုင်၊ညောင်ဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ချောက်ကန်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း  ရန်ပုံငွေဖြင့် ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာ ရေသန့်စင်စနစ် တပ်ဆင်အသုံးပြုနေမှု အခြေအနေများကို နိုဝင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ညောင်ဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဦးညီညီဦးနှင့် တာဝန်ရှိသူများက ချောက်ကန်ကျေးရွာ၌ ကျေးရွာတွင်း လမ်းအရှည် ၆၁၅ ပေ၊အကျယ် ၁၂ ပေနှင့် အမြှင့် ၆ လက်မရှိ ကွန်ကရစစ်လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုနှင့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာရေသန့်စင်စနစ် တပ်ဆင်အသုံးပြူနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက လုပ်ငန်းနှင့် စပ်လျဉ်း၍ သတ်မှတ်စံချိန ်စံညွှန်း ပြည့်မီစွာဖြင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

          အဆိုပါလုပ်ငန်းများကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ရန်ပုံငွေကျပ်(၁၅)သန်း အသုံးပြု၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများက နည်းပညာပံ့ပိုးမှု ၊အနီး ကပ်ကြီးကြပ်မှုဖြင့် ကျေးရွာကော်မတီကဦးဆောင်ပြီး ကျေးရွာပြည်သူလူထုကိုယ်တိုင် စက်တင်ဘာလ ဒုတိယအပတ်က စတင်ဆောင်ရွက်ပြီး ယခုအခါ လုပ်ငန်းများ ၈၅ % ပြီးစီးပြီ ဖြစ်ကြောင်း ထို့ပြင် ၂၀၂၃-၂၀၂၄ ခု ၊ဘဏ္ဍာရေးနှစ်အတွင်း ညောင်ဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ဖြင့် ကျေးရွာ(၉)ရွာတွင် စီမံကိန်းရန်ပုံငွေကျပ် (၁၃၅)သန်းနှင့် ပြည်သူ့ထည့်ဝင်ငွေ ကျပ်(၅၂.၉)သန်း တို့ အသုံးပြု၍ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း(၇) ခု၊ဆိုလာရေသန့်စင်စနစ်(၃) ခုနှင့် မြေသားရေကန်ရေဝင်(၁)ခု စုစုပေါင်း (၁၁)  ခု တို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးညီညီဦး က ပြောပြ၍ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm