လဲချား နိုဝင်ဘာ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် အစိုးရဝန်ထမ်းပေါင်းစုံ ငွေစု/ငွေချေးသမဝါယမအသင်း သင်းလုံးကျွတ်အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်သမဝါယမဉီးစီးဌာနမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဉီးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးဖြိုးမြင့်ဝေက အမှာစကားပြောကြားပြီး အစိုးရဝန်ထမ်း ပေါင်းစုံငွေစု/ငွေချေးသမဝါယမအသင်းလီမိတက် အမှုဆောင်ကော်မတီအဖွဲ့ အသင်းဉက္ကဋ္ဌ ဉီးစိုင်းသက်အောင်ဉီးမှ သင်းလုံးကျွတ်အစည်းအဝေးပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြို့နယ်သမဝါယမဉီးစီးဌာန ဉီးစီးအရာရှိ ဒေါ်သန်းသန်းမြက သမဝါယမလုပ်ငန်း များအား ရှင်းလင်းပြောကြားခြင်း၊ ဘဏ္ဍာရေးနှစ်ချုပ်စာရင်းရှင်းတမ်းများ ရှင်းလင်းပြောကြားပြီး အသင်းသားများ၏ မေးမြန်းချက်များအပေါ် အသင်းဉက္ကဋ္ဌမှ အသေးစိတ်ပြန်လည်ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရှိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်