မောက်မယ် နိုဝင်ဘာ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် မြို့နယ်သမဝါယမအသင်းစု လီမိတက်၏ ၂၀၂၂−၂၀၂၃ ဘဏ္ဍာနှစ်အတွက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်သမဝါယမအသင်းလီမိတက်၏ သဘာပတိ ဦးသက်လွင်နှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်တို့က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းခင်မြင့်ထွေးက သမဝါယမဥပဒေ၊ နည်းဥပဒေနှင့် လုပ်ငန်းကိစ္စရပ်များ ရှင်းလင်းပြောကြားကာ မောက်မယ်မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၂−၂၀၂၃ ဘဏ္ဍာနှစ်အတွက် အရပ်ရပ်ဆိုင်ရာနှင့်ပတ်သက်၍ အသင်း၏နှစ်ချုပ်ဘဏ္ဍာရေး အရှုံး၊ အမြတ်စာရင်း၊ လက်ကျန်ရှင်းတမ်း၊ အမြတ်ခွဲဝေစာရင်းရှင်းတမ်းများကို ဦးစီးမှူး ဒေါ်ခင်စန်းမြင့်က ဖတ်ကြားရှင်းလင်းတင်ပြခဲ့ရာ အဆိုပြုလုပ်ငန်းဆောင်ရွက်ချက်များအား အသင်းသူ၊ အသင်းသားများ အားလုံးက အတည်ပြုလက်ခံကြကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်