တောင်ကြီး၊ နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ် မြို့နယ်သမဝါယမအသင်းစု၏ ၂၀၁၉-၂၀၂၀ မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်များအတွက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်ရာ သဘာပတိအဖြစ် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးမောင်မောင်သန်းက လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ်သမဝါယမ ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်မိုးတင့်က အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်သမဝါယမအသင်းစု အမှုဆောင်အဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်းများ ဖတ်ကြားရှင်းလင်းခြင်း၊ လစ်လပ်သော အမှုဆောင်တစ်ဦး အား ရွေးချယ်တင်မြှောက်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ခြင်းတို့အတွက် အတည်ပြုချက်ရယူခဲ့သည်။
အဆိုပါအစည်းအဝေးသို့ ပြည်နယ်သမဝါယမဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူ များ၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစု အမှုဆောင်များ၊ အသင်းဝင်ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း ၆၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်