လှိုင်သာယာ(အရှေ့ပိုင်း) နိုဝင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ မကွေးလမ်းတွင် သမဝါယမဦးစီးဌာနမှ သမဝါယမအသင်းစုလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ၂၀၂၂-၂၀၂၃ ဘဏ္ဍရေးနှစ်အတွက် သမဝါယမအသင်းစုလီမိတက်ရုံးခန်းမတွင် နိုဝင်ဘာ ၆ ရက် နံနက်(၁၀)နာရီ၌ အခြေခံသမဝါယမအသင်းများမှ အသင်း၀င်ကိုယ်စားလှယ်များနှင့် အခမ်းအနားကျင်းပသည်။
အခမ်းအနားတွင် သမဝါယမအသင်း၀င် (၅၆)သင်းတို့မှ အစုအမြတ်နှင့် ရင်းနှီးငွေပေါ်ခွဲဝေမှု စုစုပေါင်းငွေကျပ် နှစ်ဆယ့်ခုနှစ်သိန်းသုံးသောင်း (၂၇၃၀၀၀၀)ကျပ်ကို ပေးအပ်ပြီး အသင်းစု(၁)သင်း တည်းဖြင့် သမဝါယမလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နေခြင်း ချီးကျူးဂုဏ်ပြုစကားကို သမဝါယမအသင်းစုကိုယ်စား ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာမြင့်က ပြောကြားခြင်းနှင့် ကုန်မျိုးစုံလက်လီ လက်ကားအရောင်းဆိုင်ဖွင့်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။
အဆိုပါကုန်မျိုးစုံလက်လီလက်ကားအရောင်းဆိုင်ဖွင့်ပွဲသို့ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် သမဝါယမအသင်းစုလီမိတက်ဥက္ကဋ္ဌ ဦးမြင့်သန်း၊ ရန်ကုန်တိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ ဦးတင်မြင့်၊ အသင်း၀င်အခြေခံသမဝါယမအသင်းများမှ အသင်း၀င်ကိုယ်စားလှယ်များ၊ သမဝါယမဦးစီး ဌာနမှ ဦးစီးအရာရှိများ တက်ရောက်ပြီး အသင်းသူအသင်းသားများနှင့် ရပ်ကွက်နေပြည်သူများပါ လာရောက်ကြည့်ရှုဝယ်ယူအားပေးလျက်ရှိကြောင်း သိရသည်။
ခင်ဝင်းမူ (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်