Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဖူးပွင့်မျိုးသန့်စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မျိုးစေ့ထုတ်လုပ်ငန်းများ ဆောင်ရွက်


09 Nov,2023

ပွင့်ဖြူ၊ နိုဝင်ဘာ  ၉

          မကွေးတိုင်းဒေသကြီးနိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ငွေကျပ်သန်း ၂၀၀ ပံ့ပိုးငွေရယူ၍ ပွင့်ဖြူမြို့နယ် စံပြကျေးရွာရှိ ဖူးပွင့်မျိုးသန့်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်း လီမိတက်တွင် GW- 11  စပါးမျိုးဧက ၄၀၊ ဆာဖိုးသာစပါးမျိုး ဧက ၆၀၊ ပေါ်ဆန်းရင်ဧက ၁၀၀၊ မင်းဘူး(စကု)မြို့နယ်၊ ကျောက်စံကျေးရွာ၌ GW- 11 စပါးဧက ၁၀၀၊ ဧရာမင်းစပါးဧက ၂၀၀ တို့ကို ၆ တန်း ၁ တန်းလှပ်စနစ်ဖြင့် စိုက်ပျိုးထားရှိသည်။

အသင်းမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေရယူဆောင်ရွက်ခြင်းဖြင့် အသင်းဝင် တောင်သူများသာမက Contract Farming စနစ်ဖြင့် ဆောင်ရွက်နေသော တောင်သူများ၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားပြီး အဆင့်မီစပါးမျိုးများရရှိနိုင်ရေးအတွက် GW- 11၊  ဆာဖိုးသာ၊ ပေါ်ဆန်းရင်၊ ဧရာမင်းစပါးမျိုးများကို ကြိုတင်ထုတ်ပေးခြင်း၊ မျိုးစေ့ထုတ်လုပ်မှုနည်းပညာများ ကိုလည်း အသင်းမှ ပံ့ပိုးကူညီဆောင်ရွက်ပေးခြင်း၊ စိုက်ပျိုးထွန်ယက်ချိန်တွင် မြေယာပြုပြင်ရန် အတွက် လိုအပ်သော စိုက်ပျိုးစရိတ်များကို ကြိုတင်ထုတ်ပေးခြင်း၊ မျိုးစပါးပင်များ၏ သက်တမ်း အလိုက် သုံးစွဲရသော မြေဆီဩဇာနှင့် ပိုးသတ်ဆေးများကို သီးနှံပေါ်ပေးစနစ်ဖြင့် ကူညီပံ့ပိုး ပေးခြင်း၊ စိုက်ပျိုးရေးဆိုင်ရာနည်းလမ်းကောင်းများကို မျှဝေဆောင်ရွက်ခြင်းစသည့် အကျိုး ကျေးဇူးများရရှိနိုင်မည်ဖြစ်သည်။ ထို့ပြင် အသင်းမှ မျိုးစေ့ထုတ်လုပ်ငန်းအတွေ့အကြုံရှိသည့် အသင်းသားများမှ သွားရောက်ဆောင်ရွက်ပေးခြင်းနှင့် စပါးရိတ်သိမ်းပြီးပါက ထွက်ရှိလာမည့် မျိုးစပါးအစိုများကိုလည်း ကာလပေါက်ဈေးဖြင့် ပြန်လည်ဝယ်ယူပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm