နိုဝင်ဘာလ ၈ ရက်
ဆီစက်လုပ်ငန်းများ ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ချေးငွေစိစစ်ကြီးကြပ်ရေးနှင့် စောင့်ကြည့်လေ့လာသုံးသပ်ရေးအဖွဲ့၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
အဖွဲ့ခေါင်းဆောင်၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က ချေးငွေရယူထားသော ဆီစက် လုပ်ငန်းရှင်များမှ ချေးငွေကို ဆီစက်လုပ်ငန်းမှာ အမှန်တကယ်အသုံးချမှု ရှိ/မရှိ၊ ဆီစက် လည်ပတ်မှု ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးရာမှာ အမှန်တကယ်အသုံးချပြီး လည်ပတ်မှု ရှိတာကို တွေ့ရှိရသည့်အတွက် ချေးငွေများ ပြန်လည်ပေးဆပ်နိုင်မည်ဟု သုံးသပ်ရရှိကြောင်း၊ ချေးငွေရယူထားပြီးသော ဆီစက်လုပ်ငန်းရှင်များအတွက် လုပ်ငန်းအသုံးချမှု အစီရင်ခံစာများ ရေး ဆွဲနိုင်ရေးနှင့် အဖွဲ့၏ နှစ်လတ်အစီရင်ခံစာ (Mid-term Report)နှင့် အပြီးသတ်အစီရင်ခံစာ (Final Report) များအတွက် အချက်အလက်များ ကြိုတင်ပြုစုထားရန်လိုကြောင်း၊ ထုတ်လုပ်မှု အပိုင်းတွင် မြေပြင်အခြေအနေမှန်နှင့်ဒေသအလိုက်လည်ပတ်မှုအခြေအနေများသိရှိနိုင်ရေးနှင့် တိုင်း ဒေသကြီး/ပြည်နယ်အလိုက် ဖွဲ့စည်းထားသည့်အဖွဲ့များအနေဖြင့်လည်း လုပ်ငန်းရှင်များအား ဆက်လက် ကူညီနိုင်ရေးကြီးကြပ်ဆောင်ရွက်ပေးရန်ဖြစ်ကြောင်းဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး အဖွဲ့ခေါင်းဆောင်၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။