ပဲခူး၊ နိုဝင်ဘာ ၉
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်း(၇)ခု အနက်မှ အသေးစား၊ အငယ်စား စီးပွားရေး လုပ်ငန်းများပေါ်ထွန်းလာစေရေး ဆောင်ရွက်မည့်စီမံကိန်းလုပ်ငန်းဖြင့် ပဲခူးတိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရှိ သင်တန်းခန်းမတွင် စားသောက်ကုန်လုပ်ငန်းလုပ်ကိုင်လိုသူ သင်တန်း သား(၁၅)ဦး နှင့်ပဲခူးမြို့နယ်၊ အိုးဘိုကျေးရွာတို့တွင် စားသောက်ကုန်လုပ်ငန်း လုပ်ကိုင်လိုသူ သင်တန်းသား (၁၅)ဦးအား သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက် ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းနှင့် ခေတ်မီစံပြ ကျေးရွာဖော်ဆောင်၍ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေး ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းဖြင့် သနပ်ပင်မြို့နယ်၊ ဖရဲစံပြကျေးရွာတွင် စက်ချုပ်လုပ်ငန်းလုပ်ကိုင်လိုသူ သင်တန်းသား(၁၅)ဦးအား အခြေခံစက်ချုပ်နည်းပညာသင်တန်းများ ဖွင့်လှစ်ပေးခဲ့ပြီး အဆိုပါ သင်တန်းသားများထဲမှ သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ထားသော လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား (၁၅)ဦးအား လုပ်ငန်းထူထောင်ပေးနိုင်ရန်အတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ပါသည်။
အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာကော်မတီ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ စီမံကိန်းကော်မတီဝင်များ နှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းသား(၅)ဦးအား ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ချီးမြှင့်ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့ သင်တန်းသား(၁၀) ဦးအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်