Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လွိုင်လင်မြို့နယ်၊ ခေါက်ဝိုးကျေးရွာတွင် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာပေးခြင်း အခမ်းအနားကျင်းပ


09 Nov,2023

လွိုင်လင်၊ နိုဝင်ဘာလ ၂၆ ရက်

            သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ လွိုင်လင်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း (၇)ခု အနက်မှ အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေး ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းကို အကောင်အထည်ဖော်မည့် လွိုင်လင်ခရိုင်၊ ခေါက်ဝိုးကျေးရွာတွင် ဒုတိယအကြိမ်(မွမ်းမံ) တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာပေးရန်အတွက် ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြု လုပ်ခဲ့ပါသည်။

          အခမ်းအနားသို့ လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံစောလှိုင်၊ လွိုင်လင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ စီမံကိန်းကော်မတီဝင်များ၊ သင်တန်းနည်းပြများ၊ ရပ်မိ၊ ရပ်ဖများနှင့် သင်တန်းသားများတက်ရောက်ကြရာ လွိုင်လင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပါသည်။

          ဆက်လက်၍ လွိုင်လင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးက စီမံကိန်းလုပ်ငန်းနှင့် ဌာန၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး လွိုင်လင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးက သင်တန်းသုံးကုန်ကြမ်းပစ္စည်းများ ပေးအပ်ပါသည်။

          အဆိုပါကျေးရွာတွင် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာအား လုပ်ငန်းထူထောင်နိုင်သည်အထိ ကျွမ်းကျင်တတ်မြောက်အောင် ဒုတိယအကြိမ်(မွမ်းမံ) သင်ကြားပေးခြင်းဖြစ်ပြီး အမှန်တကယ်လုပ်ငန်း ထူထောင်မည့် ထူးချွန်သင်တန်းသား(၅)ဦးအား သတ်မှတ်ချက်နှင့်အညီ ရွေးချယ်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm