Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကျင်းပ


08 Nov,2023

နေပြည်တော်၊ နိုဝင်ဘာ ၆

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲကို ယနေ့ မွန်းလွဲပိုင်းက အဆိုပါဦးစီးဌာနရှိ Incubation Centre ၌ ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ) ၊ ဌာနခွဲများမှ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများ တက်ရောက်ကြပါသည်။

          ဦးစွာ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ လုပ်ဆောင်ချက်များအား တစ်လအတွင်း တိုးတက်မှုအခြေအနေ၊ ဆုတ်ယုတ်မှုအခြေအနေတို့ကို နှိုင်းယှဉ်ရမည်ဖြစ်ပါကြောင်း၊ ဌာန၏ တိုးတက်မှုကို ရှေးရှုပြီး လုပ်ငန်းများ ဆောင်ရွက်နေရမည်ဖြစ်ပါကြောင်း၊ အရာရာတိုင်းကို တိုးတက်အောင် လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ စိတ်ပိုင်းဆိုင်ရာတိုးတက်မှု၊ ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုတို့ကို ပြုပြင်ပြီး လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ယခင် Incubation Centre တွင် ကုန်ထုတ်လုပ်ငန်းသုံးပစ္စည်းများ ထားရှိရာမှ ယခုအခါတွင် သင်တန်းခန်းမ၊ အစည်းအဝေးခန်းမအဖြစ် ပြင်ဆင်ဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၊ တစ်ဦးချင်း ဆောင်ရွက်ချက်များ၊ အများစု၏ ဆောင်ရွက်ချက်များသည် ရာခိုင်နှုန်းအားဖြင့် (၇၅%) အထက်ရှိနေမှသာ လုပ်ငန်း ဆောင်ရွက်မှုများ အောင်မြင်နေမည်ဖြစ်ပါကြောင်း၊ အလုပ်လုပ်ပါက လူပင်ပန်းခြင်း၊ စိတ်ပင်ပန်းခြင်းများရှိပါကြောင်း၊ ထို့ကြောင့် အောင်မြင်မှုများရရှိနေပါက အောင်မြင်မှု၏ ပီတိကို လွှမ်းခြုံရရှိမည်ဖြစ်ပါကြောင်း၊ Micro Mart အရောင်းဆိုင်ကိုလည်း ပြင်ဆင်ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ လက်မှုအလုပ်ရုံရှိ စက်များကိုလည်း သီးခြားခွဲထုတ်ပြီး ကုန်ထုတ်လုပ်ငန်းများကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လူများပြီး အလုပ်မပြီးခြင်းမျိုး မဖြစ်စေလိုပါကြောင်း၊ ကိုယ်စီကိုယ်စီ တာဝန်ယူ လုပ်ဆောင်မှသာ အလုပ်ပြီးမြောက်မည်ဖြစ်ပါကြောင်း၊ သင်တန်းပေးနည်းပြအဖြစ် ဆရာလုပ်မည့်သူများအနေဖြင့် အတွေ့အကြုံ၊ အလေ့အကျင့်ပြုလုပ်ပြီး ကျွမ်းကျင်တတ်မြောက်ရန် လိုအပ်ပါကြောင်း ပြောကြားပါသည်။

          ထို့နောက် ဌာနခွဲများအလိုက် ဝန်ထမ်းများက ဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနခွဲများမှ ညွှန်ကြားရေးမှူးများက ရှင်းလင်းဆွေးနွေးခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm