Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြို့သစ်မြို့နယ်၌ ပေပင်ရိုး-ပုဂံမျှော်ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းနေမှု စစ်ဆေး


07 Nov,2023

မြို့သစ် နိုဝင်ဘာ ၆

            မကွေးတိုင်းဒေသကြီး မကွေးခရိုင် မြို့သစ်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ပေပင်ရိုး-ပုဂံမျှော်ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့သစ်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးကျော်နိုင်ဦးနှင့် အင်ဂျင်နီယာဝန်ထမ်းများက ကျေးရွာတာဝန်ရှိသူများနှင့်အတူ ပေပင်ရိုး-ပုဂံမျှော်ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ဦးစီးအရာရှိ(မြို့ပြ) ဦးကျော်နိုင်ဦးက ကွန်ကရစ်လမ်းကို သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

           မြို့သစ်မြို့နယ်၌ ပေပင်ရိုး-ပုဂံမျှော်ကျေးရွာချင်းဆက်လမ်း အရှည် ၆ ဒသမ ၁၃ ဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် ခြောက်လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံ ငွေကျပ် ၂၀၃ ဒသမ ၇၉၁ သန်းဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ယခုနှစ် ဇူလိုင်လ ပထမပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၇၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါ ကွန်ကရစ်လမ်းပြီးစီးပါက ပေပင်ရိုးကျေးရွာ၊ ပုဂံမျှော်ကျေးရွာနှင့် ဆည်ရွာကျေးရွာရှိ အိမ်ခြေ ၄၄၂ အိမ်၊ လူ ၂၁၉၇ ဦး၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် အခြားလူမှုရေးကိစ္စများအတွက် ရာသီမရွေးလွယ်ကူစွာသွားလာနိုင်မည်ဖြစ်ပြီး ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

ငယ်လေး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm