Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကချင်ပြည်နယ်အတွင်း ခေတ်မီစံပြကျေးရွာများရှိ သမဝါယမအသင်းသားတောင်သူများသို့ လယ်ယာသုံးစက်ကိရိယာများနှင့် သမဝါယမကန်ထရိုက်လယ်ယာလုပ်ငန်း ဆောင်ရွက်ရန် ပံ့ပိုးချေးငွေများ ပေးအပ်ပွဲအခမ်းအနား ကျင်းပ


17 Jun,2022

မြစ်ကြီးနား၊ ဇွန် ၁၇

            ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်အတွင်း ခေတ်မီစံပြကျေးရွာများရှိ သမဝါယမ အသင်းသားတောင်သူများသို့ လယ်ယာဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ရန် လယ်ယာသုံးစက် ကိရိယာများနှင့် သမဝါယမကန်ထရိုက်လယ်ယာလုပ်ငန်းဆောင်ရွက်ရန် ပံ့ပိုးချေးငွေများပေးအပ်ပွဲ အခမ်းအနားကို ဇွန်လ ၁၅ ရက်နေ့က ကချင်ပြည်နယ်သမဝါယမဦးစီးဌာန၊ ဆွတ်ဂျာအိန်ခန်းမ၌ ကျင်းပခဲ့သည်။

            အခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်း များ၊ ကချင်ပြည်နယ်သမဝါယမအသင်းစုချုပ်၊ မြို့နယ်သမဝါယမအသင်းစုအမှုဆောင်အဖွဲ့၊ ခေတ်မီ စံပြကျေးရွာ ၃ ရွာရှိ သမဝါယမအသင်းသားတောင်သူ စုစုပေါင်း ၁၀၀ ဦး တက်ရောက်ခဲ့သည်။

            အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က အဖွင့်အမှာစကား ပြောကြားပြီး၊ ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးဒေါ်ချောစုလှိုင်က ခေတ်မီစံပြ ကျေးရွာများသို့ လယ်ယာသုံးစက်ကိရိယာများနှင့် ကန်ထရိုက်လယ်ယာလုပ်ငန်း ဆောင်ရွက်ရန် ပံ့ပိုးချေးငွေများ ပေးအပ်မှုအခြေအနေအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် မြစ်ကြီးနားမြို့နယ် မော်ဖောင်းစံပြကျေးရွာ၊ မော်ဖောင်း(၁) စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမ အသင်း သို့ လက်တွန်းထွန်စက် ၁ စီး၊ ထွန်စက်ကြီး ၃ စီးတန်ဖိုးအားဖြင့် ငွေကျပ် ၆၀၈.၁ သိန်းနှင့် ကန်ထရိုက်လယ်ယာလုပ်ငန်း ဆောင်ရွက်ရန်အတွက် ပံ့ပိုးချေးငွေကျပ် ၁၅၀ သိန်း၊ စုစုပေါင်း ပံ့ပိုးငွေ ကျပ် ၇၅၈.၁၀ သိန်းအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပေးအပ်ခဲ့ရာ အသင်းဥက္ကဋ္ဌ ဦးမိုးအောင်က လက်ခံရယူ၍လည်းကောင်း၊ မိုးကောင်းမြို့နယ် နန့်လှိုင်ကျေးရွာ ရတနာလှိုင် စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းသို့ လက်တွန်းထွန်စက် ၁ စီး တန်ဖိုးအားဖြင့် ငွေကျပ် ၂၂.၇၂ သိန်း ၊ သမဝါယမကန်ထရိုက်လယ်ယာလုပ်ငန်းဆောင်ရွက်ရန် အတွက် ပံ့ပိုးငွေကျပ် ၁၀၂ သိန်း စုစုပေါင်းပံ့ပိုးငွေကျပ် ၁၂၄.၇၂ သန်းအား ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးဝန်ကြီးဦးမျိုးဆွေက ပေးအပ်ခဲ့ရာ အသင်းဥက္ကဋ္ဌဒေါ်ဝင်းစိန်က လက်ခံရယူ၍လည်း ကောင်း၊ ဗန်းမော်မြို့နယ် မံရေးစံပြကျေးရွာ၊ မြတာပိန်လယ်ယာနှင့်အထွေထွေလုပ်ငန်းသမဝါယမ အသင်းသို့ ထွန်စက်ကြီး ၁ စီး တန်ဖိုးအားဖြင့် ငွေကျပ် ၂၅၉.၇၂ သိန်းနှင့် သမဝါယမကန်ထရိုက် လယ်ယာလုပ်ငန်း ဆောင်ရွက်ရန်အတွက် ပံ့ပိုးငွေကျပ်၁၂၁.၅ သိန်း၊ စုစုပေါင်း ပံ့ပိုးငွေကျပ် ၃၈၁.၂၂ သိန်းအား ပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ဦးကျော်ထွန်းက ပေးအပ်ခဲ့ရာ အသင်းဥက္ကဋ္ဌ ဦးဝင်းနောင်ကလည်းကောင်း လက်ခံရယူခဲ့သည်။

            အဆိုပါအခမ်းအနားတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းမှရရှိသော DT 100 N လက်တွန်းထွန်စက် ၂ စီး၊ နိုင်ငံတော်ဘတ်ဂျတ်မှ ၅၀% ပံ့ပိုးငွေနှင့် စံပြကျေးရွာ သမဝါယမ အသင်း အသင်းသားမှ ၅၀% ထည့်ဝင်၍ ဝယ်ယူခဲ့သော ထွန်စက်ကြီး ၄ စီး၊ စုစုပေါင်း လယ်ယာသုံး စက်ကိရိယာ ၆ စီး တန်ဖိုးအားဖြင့် ငွေကျပ် ၈၉၀.၅၄ သိန်းနှင့် သမဝါယမကန်ထရိုက်လယ်ယာ လုပ်ငန်းဆောင်ရွက်ရန် အသင်းသားပိုင် ၁၂၄.၅ ဧကအား တစ်ဧကလျှင် ငွေကျပ် ၃၀၀,၀၀၀ နှုန်းဖြင့် ပံ့ပိုးချေးငွေကျပ် ၃၇၃.၅ သိန်း၊ လယ်ယာသုံးစက်ကိရိယာများနှင့် ပံ့ပိုးချေးငွေ စုစုပေါင်း ပံ့ပိုးချေးငွေကျပ် ၁၂၆၄.၀၅ သိန်းအား ပံ့ပိုးဆောင်ရွက်ပေးခြင်းဖြစ်သည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ခေတ်မီစံပြကျေးရွာရှိ သမဝါယမအသင်းသူ/သားတောင်သူများ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီး ခင်ကျင်းပြထားသော လယ်ယာသုံးစက်ကိရိယာများနှင့် ဓာတ်ပုံမှတ်တမ်းများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

 

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm