နေပြည်တော် နိုဝင်ဘာလ ၈
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့၏ CEO ဖြစ်သူ မစ္စတာရှာတီရော့ဗ်အလက်ဇန္ဒြားဆာဂျီဗစ်ချ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့ နေပြည်တော်ကောင်စီ၊ ပဲခူး၊ မကွေး၊ မန္တလေးနှင့် ဧရာဝတီတိုင်းဒေသကြီးများ၌ ပူးပေါင်းဆောင်ရွက်မည့် သဘာဝ မြေဩဇာစက်ရုံ တည်ဆောက်ရန် မြေနေရာကိစ္စ၊ ရင်းနှီးမြှုပ်နှံမှုကိစ္စ စီစဉ်ဆောင်ရွက်ပေးရန်နှင့် ရှေ့ဆက်ပူးပေါင်း ဆောင်ရွက်မည့်ကိစ္စများကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူး ချုပ်များ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိများ တက်ရောက် ကြကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။