ဗန်းမော် နိုဝင်ဘာ ၈
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ မတည်ပံ့ပိုးငွေဖြင့် မိုးစပါးစီမံကိန်းဆောင်ရွက်လျက်ရှိသည့် မံရေးကျေးရွာ ရွှေတာပိန်စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းရှိ သမဝါယမအသင်းသားတောင်သူများ၏ မိုးစပါး စိုက်ပျိုးထားရှိမှုအခြေအနေများကို မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး အသင်းသားတောင်သူများအား စပါးများရိတ်သိမ်းချိန်တွင် လေလွင့်မှု နည်းပါးရေး ဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။ အဆိုပါအသင်းတွင် အသင်းသားတောင်သူ ၆၅ ဦး၊ စိုက်ဧက ၁၂၀ ရှိပြီး ဆင်းဧကရီ-၃ စပါးမျိုးများ စိုက်ပျိုးထားရှိကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်