စေတုတ္တရာ နိုဝင်ဘာ ၇
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စေတုတ္တရာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ကျေးရွာချင်းဆက်လမ်း မြေနီခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စေတုတ္တရာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးယုလွင်နှင့် လမ်းဖြစ်မြောက်ရေးကော်မတီဝင်များက ငဖဲ- စေတုတ္တရာ မြို့နယ်ချင်းဆက်လမ်းမှ ကြီးဝကျေးရွာသို့ ဆက်သွယ်သည့် ကျေးရွာချင်းဆက်လမ်း မြေနီခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက ကျေးရွာတာဝန်ရှိသူများ၊ တင်ဒါရကုမ္ပဏီမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး လုပ်ငန်းများသတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေးဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်းသိရသည်။
စေတုတ္တရာမြို့နယ်၌ အရှည်နှစ်မိုင် လေးဖာလုံ၊ အကျယ် ၁၈ ပေ၊ အမြင့် ရှစ် လက်မရှိ ငဖဲ-စေတုတ္တရာ မြို့နယ်ချင်းဆက်လမ်းမှ ကြီးဝကျေးရွာသို့ဆက်သွယ်သည့် ကျေးရွာချင်းဆက်လမ်း မြေနီခင်းခြင်းလုပ်ငန်းကို တိုင်းဒေသကြီးရန်ပုံငွေကျပ် ၉၅ ဒသမ ၅၄၄ သန်းဖြင့် U-42 Group ကုမ္ပဏီက ယခုနှစ် ဩဂုတ် ၂၄ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၆၀ ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ကြောင်းသိရသည်။
အဆိုပါလုပ်ငန်းများအားလုံးပြီးစီးပါက ကြီးဝကျေးရွာ၊ တယ်ဇားကျေးရွာ၊ တောင်ကုန်းကျေးရွာ၊ ပဲရင်းကိုင်း ကျေးရွာနှင့် အင်းကုန်းကျေးရွာတို့ရှိ အိမ်ခြေ ၃၀၇ အိမ်မှ လူ ၁၂၂၂ ဦးတို့ သွားလာရေးလွယ်ကူစေမည် ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးစိုးယုလွင်က ပြောပြ၍သိရသည်။
ကိုညို
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်