မြိတ် နိုင်ဝင်ဘာ ၈
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ရေမြစ်ကြီးကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ပံ့ပိုး ရန်ပုံငွေနှင့် ပြည်သူလူထုလုပ်အားထည့်ဝင်မှုတို့ဖြင့် ကျေးရွာတွင်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ယနေ့တွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးထွန်းထွန်းဝင်းနှင့် အင်ဂျင်နီယာဝန်ထမ်းများက ကျေးရွာတွင်းလမ်းဖြစ်မြောက်ရေးကော်မတီဝင် များနှင့်အတူ ရေမြစ်ကြီးကျေးရွာ၌ ကျေးရွာတွင်းကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်မှုကို ကြည့်ရှု့စစ်ဆေးပြီး မြို့နယ်ဦးစီးမှူးက လုပ်ငန်းများ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး ကြိုးပမ်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
မြိတ်မြို့နယ် ရေမြစ်ကြီးကျေးရွာ၌ အရှည်ပေ ၅၃၀၊အမြင့် ၁ ပေ ကျေးရွာတွင်း ကျောက်ချောလမ်း ခင်းခြင်းလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၁၅၀၊ကျေးရွာပြည်သူ လုပ်အားထည့်ဝင်မှု၊မြိတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာဝန်ထမ်းများ၏ နည်းပညာပံ့ပိုးကူညီမှု ၊အနီးကပ်ကြီးကြပ်ဆောင်ရွက်မှုတို့ဖြင့် ကျေးရွာပြည်သူလူထုကိုယ်တိုင် စက်တင်ဘာ ၉ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ ၉၀ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ ၄၃၃ အိမ်၊လူဦးရေ ၂၄၇၄ ဦးတို့၏ သွားလာရေးလွယ်ကူစေမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းက ပြောပြ၍ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်