Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အဆင့်မြင့်ကွန်ပျူတာစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်ပွဲကျင်းပ


08 Nov,2023

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊   မွန်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်မားစေရန် ရည်ရွယ်၍  အဆင့်မြင့်ကွန်ပျူတာစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို မွန်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ ၆ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ကြောင်းသိရသည်။ ရှေးဦးစွာ မွန်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဇော်ဇော်နောင်က အဖွင့်အမှာစကားပြောကြားပြီးနောက် ဝန်ထမ်းများအား စွမ်းဆောင်ရည်ပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍  အဆင့်မြင့်ကွန်ပျူတာစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း နှင့်  ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍   Winner Computre Center မှ သင်တန်းနည်းပြဆရာ ဦးသိန်းဇော်က သင်တန်းတွင်သင်ကြားမည့် ဘာသာရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မွန်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်စန်းယုက သင်တန်းသား သင်တန်းသူများကို သင်ထောက်ကူပစ္စည်းများပေးအပ်ခဲ့ကြောင်းသိရသည်။ အဆိုပါသင်တန်းကို မွန်ပြည်နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကွပ်ကဲမှုအောက်ရှိ ခရိုင် ၊ မြို့နယ်များမှ ဝန်ထမ်း ( ၂၀ )ဦး  တက်ရောက်ခဲ့ကြပြီး သင်တန်းတွင် ကွန်ပျူတာနှင့် ပတ်သက်သည့် သင်ခန်းစာများကို သင်တန်နည်းပြဆရာက စာတွေ့ လက်တွေ့ဖြင့်  ၁၀ ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm