ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP) စီမံကိန်းဖြင့်ဆောင်ရွက်သော ပျဉ်ပုံ(တောင်ပိုင်း)ကျေးရွာ၌ ကျေးရွာတွင်းလမ်း ဂဝံခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား ပဲခူးခရိုင်ကျေးလက်ဦးစီးဌာနမှ ဒေါ်ခိုင်ရွှေဇင်၊လ/ထ-ညွှန်ကြားရေးမှူး(နည်းပညာ)၊ ပဲခူးမြို့နယ် ဦးစီးမှူးနှင့် ဌာနအင်ဂျင်နီယာများ၊ တာဝန်ခံဝန်ထမ်းများမှ နိုဝင်ဘာလ ၁ ရက်နေ့တွင် ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။
ပဲခူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒေါ်ခိုင်ရွှေဇင်၊လ/ထ-ညွှန်ကြားရေးမှူး (နည်းပညာ)မှ ပျဉ်ပုံ(တောင်ပိုင်း)ကျေးရွာ ကျေးရွာတွင်းလမ်း ဂဝံခင်းခြင်းလုပ်ငန်း ဆောင်ရွက် နေမှုများကိုကြည့်ရှုစစ်ဆေးပြီး ပဲခူးမြို့နယ်ဦးစီးမှူးမှ ကျေးရွာကော်မတီဝင်များနှင့်တွေ့ဆုံကာ လုပ်ငန်းများစံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီ အောင်ဆောင်ရွက်ကြရန်၊ သတ်မှတ်ကာလ အတွင်းပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ပါသည်။
ပျဉ်ပုံ(တောင်ပိုင်း)ကျေးရွာ ကျေးရွာတွင်းလမ်း ဂဝံခင်းခြင်းလုပ်ငန်းအား အရှည်၁၇၀၀ပေ၊ အကျယ်၁၂ပေနှင့် အမြင့်၆လက်မအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်း နိုင်ငံတော် ထောက်ပံ့ငွေကျပ်သိန်း(၁၅၀)နှင့် ကျေးရွာသူကျေးရွာသားတို့၏ စုပေါင်းလုပ်အားတို့ဖြင့် ဆောင်ရွက် လျက်ရှိရာ (၅၀)ရာခိုင်နှုန်းခန့် ပြီးစီးပြီးဖြစ်ကြောင်းနှင့် လုပ်ငန်းပြီးစီးပါက ကျေးရွာနေပြည်သူများ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာပြီး ဒေသပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်