ပေါက်တော နိုဝင်ဘာ ၅
ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ မြို့ပြနှင့်ကျေးလက်ကွာဟမှု ကျဉ်းမြောင်းစေပြီးလူမှုစီးပွားဘဝ ဘက်စုံ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ၂၁၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် လက်မယာကျေးရွာအဝင်လမ်းပေါ်ရှိ သံကူကွန်ကရစ်တံတား တည်ဆောက်နေမှုကို နိုဝင်ဘာ ၄ ရက် မွန်းလွဲပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် (မြို့ပြ) ဦးကျော်ကျော်ထွေး၊ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးဝင်းမောင်ဆွေ၊ ပေါက်တောမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးပြည့်ဖြိုးမောင်နှင့် တာဝန်ရှိသူများက သံကူကွန်ကရစ်တံတား တည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်တာဝန်ခံအင်ဂျင်နီယာက လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြရာ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေးက လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်သွားရန် မှာကြားသည်။
လက်မယာကျေးရွာ၌ အရှည် ပေ ၁၂ဝ၊ အကျယ် ၁၈ ပေ၊ အမြင့် ခုနစ်ပေ ခြောက်လက်မရှိ သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စု(ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေကျပ် ၃၆၁ ဒသမ ၀၄၂ သန်းဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အင်ဂျင်နီယာဝန်ထမ်းများက ယခုနှစ် မေလပထမပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၂၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်းသိရသည်။
ကိုသန်း
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်