နေပြည်တော် နိုဝင်ဘာ ၃
ကံမမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပယ်ကျ - ညောင်ကိုင်း - လိန်တုန်းလမ်း (၂/၂)မိုင် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး အရည်အသွေးစစ်ဆေးရေးအဖွဲ့အနေဖြင့် ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးသည်။
အဆိုပါလမ်းအား ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်အတွင်း သရက်ခရိုင် ကံမမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ကွပ်ကဲဦးစီး၍ အောင်ဇေကုမ္ပဏီက တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေကျပ် ၂၅၂ ဒသမ ၄၅၁ သန်း တင်ဒါအောင်မြင်ဆောင်ရွက်လျက်ရှိပြီး လမ်းအရှည် ၂ မိုင် ၂ ဖာလုံ၊ အကျယ် ၁၆ ပေ ကျောက်လမ်းခင်းအဖြစ် ဆောင်ရွက်သွားမည်ဖြစ်သည်။
ကံမမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနဦးစီးအရာရှိ အေးနန်းထွေးနှင့် သရက်ခရိုင်လုပ်ငန်း အရည်အသွေးစစ်ဆေးရေးတာဝန်ခံ အင်ဂျင်နီယာ ဦးခိုင်မင်းစိုးတို့က လုပ်ငန်းသတ်မှတ်စံချိန်စံညွှန်း များနှင့်အညီ အချိန်မီပြီးစီးရေး ကွင်းဆင်းစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇော်ဘီ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်