Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမလုပ်ငန်းများ ထိရောက်အောင်မြင်စေရေး ကွင်းဆင်းဆောင်ရွက်


17 Jun,2022

နေပြည်တော် ဇွန် ၁၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဇွန်လ (၁၆) ရက်နေ့၊ နံနက်ပိုင်း ဦးစီးဌာနများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဦးစီးမှူးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီး၏ သမဝါယမလုပ်ငန်းများနှင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ ပါသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် ပုသိမ်မြို့၊ သမဝါယမအသင်းစုချုပ်ရုံးသို့ ရောက်ရှိပြီး အသင်းစုချုပ်မှတာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံရာတွင် အသင်းစုချုပ်တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်နေမှုတင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက ဧရာဝတီတိုင်းဒေသကြီး ၏ သမဝါယမလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်အောင်မြင်စေရေး၊ ဒေသထွက်ကုန်အခြေခံ သဘာဝ မြေဩဇာများ ထုတ်လုပ်နိုင်ရေးနှင့် လိုအပ်သည်များ မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်မြို့၊ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပါသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနရုံးသို့ ရောက်ရှိပြီး ဦးစီးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံကာ တိုင်းဦးစီးမှူးများ၏ ဒေသ ဖွံ့ဖြိုးရေး အကောင်အထည်ဖော် ‌ဆောင်ရွက်နေသော လုပ်ငန်းအခြေအနေများ တင်ပြမှုအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm