Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)မွမ်းမံသင်တန်း(၂/၂၀၂၃)ဖွင့်ပွဲ အခမ်းအနား


07 Nov,2023

နေပြည်တော်  နိုဝင်ဘာ ၇ ရက်

     သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)မွမ်းမံသင်တန်း(၂/၂၀၂၃)ဖွင့်ပွဲ အခမ်းအနားကို (၇-၁၁-၂၀၂၃)ရက်နေ့ နံနက်(၁၀:၀၀)နာရီ အချိန်တွင်  ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြား‌ရေးမှူးချုပ်များ၊ စစ်ဆေးရေးအရာရှိချုပ်၊ အင်ဂျင်နီယာချုပ်(မြို့ပြ)များ၊ ညွှန်ကြားရေးမှူးများ၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်မှ သင်တန်းတက်ရောက်ကြမည့် သင်တန်းသား/သူများ တက်ရောက်ကြသည်။ 

              ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်က သင်တန်းဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့ဦးစီးဌာနသည် အင်ဂျင်နီယာအစုအဖွဲ့များသော ဝန်ထမ်းများနှင့် စုစည်းတည်ဆောက်ထားသည့် ဌာနဖြစ်ပြီး ၂၀၁၇ ဇူလိုင်လမှစတင်၍ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အနေဖြင့် ပေါ်‌ပေါက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်သို့ ပြောင်းလဲတာဝန်ထမ်းဆောင်ခဲ့ကြပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ဆက်လက်ရပ်တည် ဆောင်ရွက်လျက်ရှိကြောင်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဖြစ်သည့်အတွက် မိမိတို့ဦးစီးဌာနမှာ focal အနေဖြင့် ကျေးရွာနေပြည်သူလူထုများ၏ အကျိုးဖြစ်ထွန်းဖို့အတွက် လမ်း/တံတားလုပ်ငန်းများ တိုးတက်ကောင်းမွန်စေရန်  မလွဲဧကန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) များအနေဖြင့် အဓိကကျသည့် ခရိုင်တွေရဲ့ အကြီးအကဲနေရာမှာ တာဝန်ထမ်းဆောင်နေကြရသူများဖြစ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် စုစည်းညီညာစွာ ဆောင်ရွက်ပြီး အခက်အခဲများရှိပါက အချိန်နှင့်တပြေးညီ တင်ပြရန်နှင့် မိမိတို့ဌာန ရေရှည်တည်တံ့ခိုင်မြဲဖို့၊ ဌာနဂုဏ်သိက္ခာ ၊ ဌာနအကျိုးစီးပွားအတွက် အင်ဂျင်နီယာစံနှုန်းများ အခြေခံထား  ဆောင်ရွက်ပေးစေ လိုကြောင်းပြောကြားခဲ့ပြီး သင်တန်းတက်ရောက်လာကြသည့် သင်တန်းသား/သူ တစ်ဦးချင်းမှ မိတ်ဆက်စကား ပြောကြားပြီးနောက် သင်တန်းဖွင့်ပွဲ အမှတ်တရ မှတ်တမ်းဓါတ်ပုံရိုက်ကူးပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

          အဆိုပါသင်တန်းကို (၆-၁၁-၂၀၂၃)ရက်နေ့မှ (၁၄-၁၁-၂၀၂၃)ရက်နေ့အထိ  သင်ကြားပို့ချသွားမည် ဖြစ်ပြီး ရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ သင်တန်းသား/သူ (၃၆)ဦး တက်ရောက်ကြောင်း သိရှိရပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm