Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မကွေးမြို့နယ် သံဘိုရွာသစ်ခေတ်မီစံပြကျေးရွာ၌ ဘက်စုံသုံးခန်းမနှင့် ရေသန့်စင်စနစ်တည်ဆောက်နေမှုစစ်ဆေး


07 Nov,2023

မကွေး    နိုဝင်ဘာ     ၇

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မကွေးမြို့နယ်အတွင်းရှိ သံဘိုရွာသစ်ခေတ်မီစံပြကျေးရွာ၌ ဘက်စုံသုံးခန်းမတည်ဆောက်ခြင်း နှင့် ရေသန့်စင်စနစ်ဆောင်ရွက်နေမှု တာဝန်ရှိသူများက နိုဝင်ဘာလ ၆ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မကွေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကြီး နှင့် တာဝန်ရှိသူ များသည် ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ သံဘိုရွာသစ်ခေတ်မီစံပြကျေးရွာ၌ အလျား ၅၀ ပေ အနံ ၃၆ ပေ အမြင့် ၁၂ ပေရှိသော ဘက်စုံသုံးခန်းမတည်ဆောက်နေမှုနှင့် ကျေးရွာသူကျေးရွာသားများသောက်သုံးရန် ရေသန့်စင်စနစ်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များအား လုပ်ငန်းများအားလုံးကို ဌာနမှသတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် ခေတ်မီစံပြကျေးရွာစီမံကိန်း(Smart Village)ရန်ပုံငွေကျပ် ၃၇ ဒသမ ၃ သန်းဖြင့် သံဘိုရွာသစ်ခေတ်မီခံပြကျေးရွာ၌ ဘက်စုံသုံးခန်းမတည်ဆောက်ခြင်းနှင့် ရေသန့်စင်စနစ်တည်ဆောက်ခြင်းလုပ်ငန်းများကို မကွေးခရိုင်နှင့် မကွေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှုဖြင့် ကျေးရွာသူကျေးရွာသားများကိုယ်တိုင် အောက်တိုဘာလ ၂၀ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ၄၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး ရာနှုန်းပြည့်ပြီးစီးပါက အဆိုပါကျေးရွာရှိ အိမ်ခြေ ၆၄ အိမ်၊ လူ ၂၇၉ ဦးကို အကျိုးပြုမည်ဖြစ်ကြောင်း မကွေးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm