နေပြည်တော် နိုဝင်ဘာ ၃
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နေ့လယ်ပိုင်းက ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စု နယ်မြေ၊ လယ်ဝေးမြို့နယ် ရုံးတောကျေးရွာ၌ သမဝါယမလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများနှင့် သမဝါယမအသင်းသားတောင်သူများ၏ မိုးစပါးစိုက်ပျိုးထားရှိမှု အခြေအနေများကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည့် လယ်ဝေးမြို့နယ်၊ မြွေရိုးကျောင်းစုကျေးရွာ အုပ်စု၊ ရုံးတောကျေးရွာသို့ရောက်ရှိပြီး ကျေးရွာယာယီရှင်းလင်းဆောင်၌ ရွှေဝါထွန်း(၂)စိုက်ပျိုး ထုတ်လုပ်ရေးသမဝါယမအသင်းလီမိတက် အသင်းသားများနှင့် ခင်မင်ရင်းနှီးစွာ တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက ကျေးရွာ၏ ရေမြေသဘာဝအခြေအနေအရ ရုံးတောကျေးရွာသည် စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းကို အခြေခံသည့် ကျေးရွာဖြစ်သည့်အတွက် ကျေးလက်နေ တစ်မိသားစုချင်း၏ ဝင်ငွေတိုးပွားရေး မိုးသီးစပါးအပြီး ဆောင်းသီးနှံများ စိုက်ပျိုးနိုင်ရေး၊ ဆောင်းသီးနှံပြီးပါက နွေသီးနှံများ သီးထပ်(၃)သီး စိုက်ပျိုးနိုင်ရေး နိုင်ငံတော် အစိုးရက နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းနှင့် ညီမျှသော မျိုး၊ ဓာတ်မြေဩဇာ၊ သွင်းအားစုများ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ အထွက်နှုန်းတိုးရေးအတွက် အမှန်တကယ် ကြိုးပမ်းဆောင်ရွက်ရမည်မှာ တောင်သူများ၏ တာဝန်တစ်ရပ်ပင်ဖြစ်ပါကြောင်း၊ လက်ရှိစိုက်ပျိုး နေသော စပါးမျိုးများအပြင် အထွက်နှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့် စပါး မျိုးများကို တိုးချဲ့စိုက်ပျိုးကြစေလိုကြောင်း၊ တစ်ဧကအထွက်နှုန်း တိုးတက်မှသာလျှင် တောင်သူ များ ဝင်ငွေတိုးပွားနိုင်မည်ဖြစ်ပြီး လိုအပ်သည့် စိုက်ပျိုးနည်းစနစ်၊ စိုက်ပျိုးရေ ရရှိရေး တို့အတွက် မိမိတို့ ဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့မှ ပံ့ပိုးဆောင်ရွက် ပေးမည် ဖြစ်ကြောင်းဆွေးနွေးပြီး ဒေသပြည်သူခံများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ပေးပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည့် ရွှေဝါထွန်း(၂) စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက် အသင်းပိုင်စိုက်ပျိုးမြေပေါ်တွင် သမဝါယမအသင်းသားတောင်သူများ စိုက်ပျိုးထားသော မိုးစပါးများ ဖြစ်ထွန်းအောင်မြင်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက စိတ်တူကိုယ်တူ အသင်သားများညှိနှိုင်း၍ တစ်ဆက်တစ်စပ်တည်း အထွက်တိုး မျိုးများကိုသာ စုပေါင်းစိုက်ပျိုးခြင်း၊ ထွက်ရှိလာသော မိုးစပါးများအား စုပေါင်း ရောင်းချခြင်း၊ ဈေးနှုန်းမှန်ကန်စွာရရှိရေးဆောင်ရွက်ပြီး Refund များ ပြန်လည်ပေးအပ်နိုင်ရေး ဆောင်ရွက်သွားရန်နှင့် အသင်းသားများနှင့်ညှိနှိုင်းပြီး အကျိုးအမြတ်များကို ညီတူမျှတူခွဲဝေ ဆောင်ရွက်နိုင်ရေး ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။