Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ(၂၀၂၁)ဖြင့် ဆောင်ရွက်သည့် စီမံကိန်းပြီးမြောက်ခြင်းအခမ်းအနား ကျင်းပ


04 Nov,2023

နေပြည်တော်၊ နိုဝင်ဘာ ၂

သမဝါယမဦးစီးဌာနမှ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေးအထူးရန်ပုံငွေ (၂၀၂၁) ဖြင့် ဆောင်ရွက်သည့် စီမံကိန်းပြီးမြောက်ခြင်းအခမ်းအနားကို ယနေ့နံနက် (၀၉:၃၀)တွင် နေပြည်တော်ရှိ Jasmine Naypyitaw Hotel ၌ ကျင်းပပြုလုပ်ရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိပုဂ္ဂိုလ်၊  မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (မြန်မာ)မှ တာဝန်ရှိပုဂ္ဂိုလ်နှင့် သမဝါယမဦးစီးဌာနနှင့် သမဝါယမအသင်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးမြင့်စိုးက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၁) ဖြင့် ဆောင်ရွက်သည့် စီမံကိန်းကို ၂၀၂၂ ခုနှစ်၊ ဧပြီလ မှ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအထိ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ဖြစ်သည့်အတွက် သမဝါယမဦးစီး ဌာနအနေဖြင့် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေများဖြင့် (၂၀၁၈)၊ (၂၀၂၀)နှင့် (၂၀၂၁) စီမံကိန်း(၃)ခု ကို အကောင်အထည်ဖော်ပြီးဖြစ်ပါကြောင်း။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၁)ဖြင့် ဆောင်ရွက်သည့် စီမံကိန်းတွင် စုဆောင်းငွေအားပေးမြှင့်တင်ရေး စည်းရုံးလှုံ့ဆော်ခြင်းသင်တန်းများ၊ ငွေစုဆောင်း တတ်သည့် အလေ့အကျင့်ဆိုင်ရာအသိပညာပေးစည်းရုံးလှုံ့ဆော်ပွဲများ၊ အသေးစားချေးငွေ လုပ်ငန်းများတွင် ငွေစုဆောင်းသည့် အလေ့အကျင့်၏ အခန်းကဏ္ဍ အလုပ်ရုံဆွေးနွေးပွဲများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ EXIM Bank မှ ချေးယူထားသော အသေးစား ချေးငွေလုပ်ငန်းအား အသေးစားချေးငွေထုတ်ခြင်းလုပ်ငန်းများတွင် စောင့်ကြည့်လေ့လာခြင်းနှင့် အကဲဖြတ်ခြင်း လုပ်ငန်းများဆောင်ရွက်ခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်များအားလုံးတွင် အသေးစားချေးငွေများ အား ချေးငွေဆန်းစစ်ချက်ဆောင်ရွက်ခြင်း လုပ်ငန်းများ၊ မဲခေါင်ဒေသတွင်း နိုင်ငံများရှိ အောင်မြင် နေသော သမဝါယမအသင်းများသို့ လေ့လာရေးသွာရောက်ခြင်းစသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့ပါကြောင်း။

ငွေစုဆောင်းတတ်သည့် အသိပညာ၊ ဗဟုသုတများတိုးပွားလာခြင်း၊ ငွေစုဆောင်း တတ်သည့် အလေ့အကျင့်ကောင်းများကို ရရှိစေခြင်း၊ ငွေစုဆောင်းခြင်းကြောင့် ရရှိလာသည့် အကျိုးကျေးဇူးများကို သိရှိနားလည်ပြီး မိမိတို့ဆန္ဒအလျောက် ငွေစုဆောင်းတတ်လာခြင်း၊ အသိပညာဗဟုသုတများ တိုးပွားလာခြင်း၊ သမဝါယမအပေါ် ယုံကြည်အားကိုးလာခြင်း၊ လူမှုစီးပွားဘဝမြင့်မားရေး အထောက်အကူပြုနိုင်ခြင်းတို့ဖြင့် သမဝါယမကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက် စေရေး အထောက်အကူများစွာ ရရှိခဲ့ပါ‌ကြောင်း။

ထို့ပြင် မဲခေါင်ဒေသတွင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့ရှိ အောင်မြင်နေသော သမဝါယမအသင်းများကို သွား‌ရောက်လေ့လာစေခဲ့ ပါကြောင်း၊  

သမဝါယမဦးစီးဌာနမှ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေများနှင့် စီမံကိန်း(၃)ခုကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပြီး စီမံကိန်းများမှရရှိသည့် အသိပညာ၊ ဗဟုသုတ၊ အတွေ့အကြုံ၊ အကျိုးကျေးဇူးများနှင့် မိမိတို့၏သမဝါယမအသင်းများ ပိုမိုကောင်းမွန်စွာ ရပ်တည် ဆောင်ရွက်သွားနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် လိုပါကြောင်း၊ စီမံကိန်းလုပ်ငန်းစဉ်များ ဆောင်ရွက်ပြီး သမဝါယမကဏ္ဍမှတစ်ဆင့် မဲခေါင်ဒေသတွင်း ပြည်သူများ၏ လူမှုစီးပွားမြှင့်တင် ရေးတွင် ကူညီထောက်ပံ့မှုများပေးနိုင်မည်ဟု  မျှော်လင့်ပါကြောင်းပြောကြားခဲ့သည်။

 ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ပြောကြားပြီးနောက် သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က စီမံကိန်းဆိုင်ရာဆောင်ရွက်မှုများအား ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့် တက်ရောက်လာကြသူများက မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခြင်းနှင့် စီမံကိန်းဆိုင်ရာဆောင်ရွက်မှုမှတ်တမ်းများ ခင်းကျင်းပြသမှုအား ကြည့်ရှုကြကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm