မလှိုင် နိုဝင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများအလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေများတိုးပွား လာပြီး ဆင်းရဲမှုလျော့ကျစေရန်ရည်ရွယ်၍ ၂၀၁၅−၂၀၁၆ ဘဏ္ဍာနှစ်မှစတင်၍ မြစိမ်းရောင်ကျေးရွာ စီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် ဖျောက်ဆိပ်ကျင်းကျေးရွာအုပ်စု၊ သဲကျွန်း ကျေးရွာ၌လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေအား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မလှိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စုစုနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက သဲကျွန်းကျေးရွာရှိ စိုက်ပျိုးရေး(၁၁၄)ဦး နှင့် (၃၈.၃)သန်း၊ မွေးမြူရေး(၂၀)ဦးနှင့် (၄.၇၅)သန်း စုစုပေါင်း(၁၃၄)ဦး ဖြင့် (၄၃.၀၅)သန်းထုတ်ချေး လည်ပတ်နေမှုများအား အသင်းသူ/သားများ၊ ကျေးရွာမြစိမ်းရောင်ကော်မတီဝင်များနှင့် တွေ့ဆုံကာ မြစိမ်းရောင်ချေးငွေဖြင့် လုပ်ငန်းများ အမှန်တကယ်ဆောင်ရွက်သွားကြပါရန် ဆွေးနွေးပြောကြားခဲ့ ပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်