Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး


05 Nov,2023

နေပြည်တော် နိုဝင်ဘာ ၅

မြို့ပြနှင့် ကျေးလက် ဖွံ့ဖြိုးမှုကွာဟချက်များ ကျဉ်းမြောင်းလာစေရေးနှင့် လူနေမှုအဆင့် အတန်းမြင့်မားပြီး စီးပွားရေးခိုင်မာအားကောင်းသည့် ခေတ်မီစံပြကျေးရွာများ ဖြစ်ပေါ်လာစေရေး ရည်မှန်း၍ ကျေးရွာများ၏ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ကျေးရွာကုန်ထုတ်လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက် ပေးလျက်ရှိသကဲသို့ ကျေးလက်နေ ပြည်သူများ၏ တစ်ဦးချင်းဝင်ငွေ တိုးပွားစေရေး  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ကြခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ ဝင်ငွေနှင့် လူနေမှုဘဝမြင့်မားရေးကို နိုင်ငံတော်အစိုးရ၏ စီမံ လမ်းညွှန်မှုဖြင့် မိမိတို့ဝန်ကြီးဌာနက ကြိုးပမ်းအကောင် အထည်ဖော်လျက်ရှိရာ ဒေသနေပြည်သူ များ အနေဖြင့်လည်း တက်ကြွစွာပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း ယနေ့နံနက်ပိုင်းက  ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ ကန်ပြောင်စံပြကျေးရွာ ဒေသခံပြည်သူများနှင့် တွေ့ဆုံစဉ် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ခေတ်မီစံပြကျေးရွာ အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကန်ပြောင်စံပြကျေးရွာ၌ ဒေသခံပြည်သူ များနှင့် ခင်မင်ရင်းနှီးစွာတွေ့ဆုံရာ ကျောက်တန်းမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးမှူးက ကျောက်တန်းမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်  မိုးစပါးစိုက်ပျိုးထားရှိမှုနှင့် ရိတ်သိမ်းနေမှုအခြေအနေများအားလည်းကောင်း၊ ကျောက်တန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူးက ကန်ပြောင်စံပြကျေးရွာ၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အခြေအနေများအားလည်းကောင်း ရှင်းလင်းတင်ပြပါသည်။ ရှင်းလင်းတင်ပြမှု များအပေါ် ပြည်ထောင်စုဝန်ကြီးက ကျေးရွာရှိ စိတ်တူကိုယ်တူဆန္ဒတူသူများ စုပေါင်း၍ သမဝါယမအသင်းထူထောင်ပြီး စီးပွားဖြစ်လယ်ယာကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်းလာရေး အတွက် ကျေးရွာသူကျေးရွာသားများ အားလုံးပူးပေါင်းလုပ်ဆောင်ကြရန်နှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ များကို ဆွေးနွေးပြီး ဒေသပြည်သူခံများ၏ ကျေးရွာချင်းဆက်လမ်း၊ ကုန်ထုတ်လမ်း၊ စိုက်ပျိုးရေ ရရှိရေးနှင့် နည်းပညာလိုအပ်မှု တင်ပြချက်များအပေါ် အမြန်ဆုံးတုန့်ပြန်ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီးနောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင် အထည်ဖော်ဆောင်ရွက်ပေးခဲ့သော အိမ်တိုင်ရာရောက် ရေရရှိရေးလုပ်ငန်းနှင် ရေပိုက်လိုင်း သွယ်တန်းထားရှိမှု အခြေအနေများအား လည်းကောင်း ကျေးရွာအနောက်ပိုင်း ရွာတွင်းလမ်းမ ကွန်ကရစ်ခင်းခြင်းနှင့် အုတ်စီရေမြောင်း ဆောင်ရွက်ထားရှိမှု အခြေအနေများအား လည်းကောင်း၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်းစီမံကိန်း(RBF) ထောက်ပံ့ရန်ပုံငွေ အစုအဖွဲ့စနစ်ဖြင့် မွေးမြူထားသော ဝက်မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သန်လျင်မြို့နယ်ရှိ သမဝါယမနှင့် စီမံ ခန့်ခွဲမှု ပညာတက္ကသိုလ်(သန်လျင်)သို့ရောက်ရှိပြီး တက္ကသိုလ်ဝင်းအတွင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်သန်း ၄၅၀ ဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော အရှည် ၁၄၄၀ ပေ ရှိ အဓိပတိလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း နှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊  ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေများဖြင့် ကျောင်းသား၊ ကျောင်းသူများအတွက် လက်တွေ့ပညာသင်ကြားနိုင်ရေး လူမှုဆန်းသစ်တီထွင်မှု အထောက်အကူပြုယူနစ်စင်တာ တည်ဆောက်ခြင်းလုပ်ငန်းနှင့် တက္ကသိုလ်အဝင် မုခ်ဦးနှင့် ဂိတ်တံခါးပြုလုပ်ခြင်း လုပ်ငန်းများအား လည်းကောင်း ကြည့်ရှုစစ်ဆေးရာ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ပါမောက္ခချုပ်နှင့် တည်ဆောက်ရေးလုပ်ငန်းများမှ တာဝန်ရှိသူများက လု်ပငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။ အဆိုပါ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက တည်ဆောက်ရေး လုပ်ငန်းများကို သတ်မှတ် ကာလအတွင်း အချိန်မီ ပြီးစီးအောင်ဆောင်ရွက်ရေး၊ သတ်မှတ် စံချိန်စံညွှန်းနှင့် အရည်အသွေးပြည့်မီကောင်းမွန်စေရေးနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းအောင် စနစ်တကျ စီမံဆောင်ရွက်ရေးတို့ကို လမ်းညွှန် မှာကြားပြီး လိုအပ်သည်များအား ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm