ဝမ်းတွင်း နိုဝင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနက ခံတောကျေးရွာအုပ်စု၊ ခံတောကျေးရွာနှင့်အောင်သာကျေးရွာများ၌ မြစိမ်းရောင် စီမံကိန်းလုပ်ငန်းများ၊ ငွေစာရင်းထိန်းသိမ်းမှုပုံစံများအား ယနေ့နံနက်ပိုင်းက တာဝန် ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဝမ်းတွင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ဝမ်းတွင်းမြို့နယ် ခံတောကျေးရွာနှင့်အောင်သာကျေးရွာ၌ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများနှင့် အခြားစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို လည်းကောင်း၊ ငွေစာရင်းထိန်းသိမ်းနည်းပုံစံများ၊ အမှန်တကယ်လုပ်ငန်းများဆောင်ရွက်မှုရှိမရှိ၊ စာရင်းဇယားများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်ဦးစီးမှူးက လုပ်ငန်းများ ရေရှည်တည်တံ့အောင် ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်