အောင်လံ နိုဝင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဂွမြောင်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ သတ္တမအကြိမ်ထုတ်ချေးခြင်းကို နိုဝင်ဘာ ၃ရက်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ ဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အောင်လံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်အေးက အမှာစကား ပြောကြားပြီး မြို့နယ်ဦးစီးမှူး ဒေါ်ထားထားရီက မြစိမ်းရောင်ကျေးရွာစီမံကိန်းလက်စွဲစာအုပ်ပါ လမ်းညွှန်ချက်များ၊ စီမံကိန်း ဆောင်ရွက်ရခြင်းကြောင့် ရရှိလာမည့်အကျိုး ကျေးဇူးများ၊ အတိုးအရင်းများသတ်မှတ်ရက်အတွင်း အချိန်မီပေးသွင်းနိုင်ရေး အလေးထားဆောင်ရွက်စေလိုကြောင်း၊ ကျေးရွာနေပြည်သူများထားရှိရမည့် ကျေးရွာစိတ်ဓါတ်နှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ဥပဒေ၊ နည်းဥပဒေများအကြောင်းကို ရှင်းလင်းပြောကြားပြီး စီမံကိန်းရန်ပုံငွေကျပ် ၄၅၃သိန်းကို မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ လွှဲပြောင်းပေးအပ်သည်။
ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ဂွမြောင်ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ကိုင်သူ ၉၀ဦး၊ မွေးမြူရေး လုပ်ကိုင်သူ ခြောက်ဦးနှင့် အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ခြောက်ဦးစုစုပေါင်း ၁၀၂ ဦးတို့ကို ငွေကျပ် ၄၀၅သိန်းကို ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။
အခမ်းအနားသို့ အောင်လံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်အေး၊ မြို့နယ်ဦးစီးမှူး ဒေါ်ထားထားရီနှင့် စီမံကိန်း တာဝန်ခံဝန်ထမ်းများ၊ ကျေးရွာရှိ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေကြီးကြပ်မှုကော်မတီဝင် များ၊ အသင်းသူ/အသင်းသားများ တက်ရောက်ခဲ့ကြောင်းသိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်