ဘူးသီးတောင် နိုဝင်ဘာ ၃
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုက်ငန်းစီမံကိန်း(VDP)ထောက်ပံ့ရန်ပုံငွေ၊ ပြည်ထောင်စုရန်ပုံငွေနှင့် ပြည်နယ်အစိုးရရန်ပုံငွေများဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုကို တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရခိုင်ပြည် နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဦးချစ်မောင်၊ ဘူးသီးတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဦးထွန်းလှိုင်နှင့် ဝန်ထမ်းများသည် သက်ဆိုင်ရာကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ သဘောက်ချောင်းကျေးရွာအဝင်လမ်းအရှည် ၆၀၀ ပေ လမ်းအကျယ် ၆ ပေ လမ်းအမြင့် ၆ လက်မ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် ကင်းချောင်းကျေးရွာအဝင်လမ်းအရှည် ၆၀၀ ပေ လမ်းအကျယ် ၆ ပေ လမ်းအမြင့် ၆ လက်မ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဦးစီးမှူးက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များ၊ ကျေးရွာသူကျေးရွာသားများနှင့်တွေ့ဆုံ၍ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါကရေရှည်အသုံးပြုနိုင်ရေး ဝိုင်းဝန်းထိန်းသိမ်းကြရန် မှာကြားပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ရခိုင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဦးချစ်မောင်နှင့် တာဝန်ရှိသူများသည် ဂန္ဓာမာကျေးရွာ၌ ပြည်ထောင်စုရန်ပုံငွေကျပ် ၂၃၁ ဒသမ သုည ၉ သန်းနှင့် ပြည်နယ်အစိုးရရန်ပုံ ငွေကျပ် ၂၆၇ ဒသမ ၇၃၂၅ သန်းတို့ဖြင့် ကျေးရွာတွင်းလမ်းအရှည် ၃၂၀၀ ပေ လမ်းအကျယ် ၁၂ ပေ လမ်းအမြင့် ၈ လက်မ ကွန်က ရစ်ခင်းခြင်းနှင့် ရေပြွန် ၁၁ စင်း တည် ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ အဆိုပါကျေးရွာ၌ အိမ်တိုင်ရာရောက်ရေပိုက်လိုင်းသွယ်တန်းခြင်းနှင့် ကျေးလက်အိမ်ရာတည် ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိုမှုအခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း ဘူးသီးတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်