Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ငါန်းဇွန်မြို့နယ်၊လက်ပံပင်ကျေးရွာ၌ VDPစီမံကိန်းဖြင့်ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေးခြင်း


03 Nov,2023

ငါန်းဇွန် နိုဝင်ဘာ ၃

          မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် ရွာသစ်ကျေးရွာအုပ်စု၊ လက်ပံပင်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ဖြင့် ရွာတွင်းလမ်း ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ယနေ့နံနက်ပိုင်းအချိန်က တာဝန်ရှိသူများ ကွင်ဆင်းစစ်ဆေး ခဲ့ကြောင်းသိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ငါန်းဇွန်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးမိုးအောင်၊မြို့နယ်စီမံကိန်း တာဝန်ခံနှင့် တာဝန်ခံအင်ဂျင်နီယာများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ လက်ပံပင်ကျေးရွာ၌ ကျေးရွာတွင်းလမ်း အရှည်ပေ၈၀၀၊ အကျယ်၁၂ပေ၊ အမြင့်၆လက်မရှိ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး  ငါန်းဇွန်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုးအောင်ကကျေးရွာတွင်းလမ်းရေရှည်တည်တံခိုင်မြဲရေးအတွက် စံချိန်စံညွှန်းများအတိုင်း သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်းပြောကြားသည်။

           လက်ပံပင်ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ထောက်ပံ့ငွေကျပ်၁၅သန်း၊ပြည်သူ ထည့်ဝင်ငွေ ၃.၁၉ သန်းဖြင့် ကျေးရွာသူ၊ ကျေးရွာသားများ ကိုယ်တိုင်စက်တင်ဘာလတတိယပတ်က စတင်ဆောင်ရွက်ရာ ယခုအခုလုပ်ငန်းများ ၉၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ငါန်းဇွန်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးအောင်က ပြောပြ၍ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm