မြင်းခြံနိုဝင်ဘာလ ၃
မြင်းခြံခရိုင်ကွပ်ကဲမှုအောက်ရှိမြင်းခြံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကအကောင်အထည်ဆောင်ရွက်လျက်ရှိသောကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကူကျေးရွာအုပ်စု၊ကူကျေးရွာကော်မတီဝင်များအားကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကိုနံနက်၁၀နာရီအချိန်ကကျေးရွာ၌ ယနေ့နံနက်ပို်ငးအချိန်က တွင်သွားရောက်ကွင်းဆင်းခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာမြင်းခြံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနခရိုင်ဉီးစီးမှူးဒေါ်ကြည်ကြည်မာ နှင့်အဖွဲ့၊မြင်းခြံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှမြိုနယ်ဉီးစီးမှူး ဒေါ်သက်သက်နွယ်နှင့်စီမံကိန်းတာဝန်ခံတို့ကကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းအရှည်ပေ၇၀၀၊ အကျယ်၁၂ပေ၊ ၆လက်မထုရှိကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကြည့်ရှု့စစ်ဆေးပြီးလုပ်ငန်းများသတ်မှတ်စံချိန် စံညွှန်းများနှင့်အညီအချိန်မှီပြီးစီးရေးရှင်းလင်းပြောကြားပါသည်။
ထို့နောက် တက်ရောက်လာကြသောမြင်းခြံခရိုင်ဉီးစီးမှူး၊ အင်ဂျင်နီယာတာဝန်ခံနှင့် မြို့နယ်ဉီးစီးမှူးနှင့်တာဝန်ခံဝန်ထမ်းများ၊ ကျေးရွာကော်မတီဝင်များနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနှင့် ပတ်သက်၍အပြန်အလှန် ဆွေးနွေးပြောကြားခဲ့ကြောင်းသိရပါသည်။
ဆက်လက်၍ မြင်းခြံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှ မြို့နယ်ဉီးစီးမှူးနှင့်စီမံကိန်းတာဝန်ခံတို့မှ ကွန်ကရစ်လမ်းခင်းနေမှုလုပ်ငန်းအားသတ်မှတ်စံချိန်စံညွှန်းများနှင့်အညီအချိန်မှီပြီးစီးရေးပြောကြားပါသည်။
အဆိုပါ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကိုကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းခွင့်ပြုငွေွကျပ်(၁၅.၀၀) ကျပ်သန်း၊ကျေးရွာပြည်သူထည့်ဝင်ငွေ(လုပ်အား)(၆.၆၆)ကျပ်သန်း၊စုစုပေါင်းငွေကျပ်(၂၁.၆၆) ကျပ်သန်းဖြင့် မြင်းခြံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနခရိုင်ဉီးစီးမှူး၊ မြို့နယ်ဉီးစီးမှူးနှင့်စီမံကိန်းတာဝန်ခံဝန်ထမ်းများကအနီးကပ်ကြီးကြပ်ကာကျေးရွာသူ၊ကျေးရွာသားများကိုယ်တိုင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာလက်ရှိတွင်လုပ်ငန်း(၉၀)ရာခိုင်နှုန်းဆောင်ရွက်ပြီးဖြစ်ပါကြောင်းလုပ်ငန်းများဆောင်ရွက်ပြီးစီးပါကကူကျေးရွာတွင်အိမ်ခြေ (၆၃၂)အိမ်၊ လူဉီးရေ(၂၄၈၃)ဉီးတို့အတွက် အကျိုးပြုနိုင်မည်ဖြစ်ကြောင်းသိရပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်