Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သာစည်မြို့နယ် ကျီတိုင်ကုန်း(တ)ကျေးရွာတွင်ကျေးရွာတွင်းကွန်ကရစ်လမ်းဆောင်ရွက်နေမှုအားကွင်းဆင်းခြင်း


03 Nov,2023

သာစည် နိုဝင်ဘာ ၃

           မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင် ရွက်သော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျီတိုင်ကုန်း(တ) ကျေးရွာတွင် ကျေးရွာတွင်းကွန် ကရစ်လမ်းခင်းခြင်း လုပ်ငန်း(၉၅%)ဆောင်ရွက် ပြီးစီးမှုအား တာဝန်ရှိသူများကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့ပါသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သာစည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခုဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းစီမံကိန်း(VDP) အကောင်အထည်ဖော်ဆောင်ရွက် လျှက်ရှိသော ကျေးရွာ(၈) ရွာအနက်  ရွာပုလဲကျေးရွာအုပ်စု၊ ကျီတိုင်ကုန်း(တ)ကျေးရွာတွင် နိုင်ငံတော် ထောက်ပံ့ ရန်ပုံငွေေ(၁၅)သန်း၊ ပြည်သူထည့် ဝင်ငွေ(၄.၅)သန်း စုစုပေါင်းငွေကျပ်(၁၉.၅)သန်းဖြင့် ကျေးရွာတွင်းကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်း အတိုင်းအတာ(၇၆၀'X၁၂'X၆") ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခြင်းနှင့် လုပ်ငန်း(၉၅%)ဆောင်ရွက်ပြီးစီး မှုအပေါ် လုပ်ငန်းပြီးစီးမှုနှင့်စာရင်းဇယားဆောင်ရွက် ထားရှိမှုများအား  ဦးစီးအရာရှိ ဒေါ်တိုးတိုးစိန်မှ ချပြရှင်းလင်း ပြောကြားခဲ့ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm