Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပျော်ဘွယ်မြို့နယ် ခလန်းကန်ကျေးရွာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကွင်းဆင်းခြင်း


02 Nov,2023

ပျော်ဘွယ်    နိုင်ဝင်ဘာ ၂

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေဖြင့် ပျော်ကုန်းအုပ်စု၊ ခလန်းကန်ကျေးရွာ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့‌ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပျော်ဘွယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးမင်းနိုင် နှင့် တာဝန်ရှိသူများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကော်မတီဝင်များနှင့်အတူ ခလန်းကန်ကျေးရွာ၌ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူး ဦးအေးမင်းနိုင်က လုပ်ငန်းများသတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။

ခလန်းကန်ကျေးရွာတွင် အရှည် ၆၅၇ ပေ၊ အကျယ်၁၂ပေ ၊ အမြင့် ၆ လက်မ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၁၅၀၊ ကျေးရွာပြည်သူ ထည့်ဝင်ငွေ ၅.၉၁ သန်း၊ စုစုပေါင်း ၂၀.၉၁ သန်း အသုံးပြု၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နည်းပညာပံ့ပိုးပြီး အနီးကပ်ကြီးကြပ်ကာ ကျေးရွာသူ/သားများကိုယ်တိုင် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၉၀% ဆောင်ရွက်ပြီးဖြစ်သည်။

အဆိုပါကျေးရွာတွင်း ကွန်ကရစ်လမ်းခြင်းလုပ်ငန်းဆောင်ရွက်နိုင်မှုကြောင့် ခလန်းကန်ကျေးရွာရှိ ကျေးလက်နေပြည်သူများ အတွက် လမ်းပန်းဆက်သွယ်ရေးပိုမိုကောင်းမွန်၍ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm