ပြင်ဦးလွင် နိုဝင်ဘာ ၂
ပြင်ဦးလွင်ခရိုင်၊ပြင်ဦးလွင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်စီမံကိန်းကျေးရွာဖြစ်သော မျှော့တောကျေးရွာ အုပ်စု၊ မျှော့တောကျေးရွာတွင် (နဝမကြိမ်) မြစိမ်းရောင်အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးခြင်းအား အပ်/ထုတ် စနစ်ဖြင့် မျှော့တောကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ခဲ့ပါသည်၊။
အဆိုပါ (နဝမကြိမ်) မြစိမ်းရောင်အရင်းမပျောက်လည်ပတ်ရန်ပုံငွေ (၅၁၀)သိန်းအား စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ အသင်းသား (၄၆)ဦးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ ပြင်ဦးလွင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးထိုက်၊ စီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများက စီမံကိန်းဝိသေသများ၊ စီမံကိန်းအကြောင်း အရာများ၊ အတိုးနှုန်းများ နှင့် ကာလသတ်မှတ်ချက်များ၊ ငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်