Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မလှိုင်မြို့နယ် သြဇာခြံကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေကွင်းဆင်း စစ်ဆေး


02 Nov,2023

မလှိုင်  နိုဝင်ဘာ ၂

          မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက  ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ်မှစတင်၍ မြစိမ်းရောင်ကျေးရွာစိမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် ယာကြီးကုန်းကျေးရွာအုပ်စု၊ သြဇာခြံကျေးရွာ၌  လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေအား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများကွင်းဆင်း ဆောင်ရွက် ခဲ့ကြောင်းသိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မလှိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စုစုနှင့် ဝန်ထမ်းများက သြဇာခြံကျေးရွာရှိ စိုက်ပျိုးရေး(၅၀)ဦးနှင့် (၂၂.၁)သန်း၊ မွေးမြူရေး(၃၄)ဦးနှင့် (၁၂.၉)သန်း၊ အရောင်းအဝယ်(၁)ဦး(၀.၅)သန်း စုစုပေါင်း(၈၅)ဦး ဖြင့် (၃၅.၅)သန်းထုတ်ချေးလည်ပတ်နေမှုများအား အသင်းသူ/သားများ၊ ကျေးရွာမြစိမ်းရောင် ကော်မတီဝင် များနှင့် တွေ့ဆုံကာ မြစိမ်းရောင်ချေးငွေဖြင့် လုပ်ငန်းများ အမှန်တကယ်ဆောင်ရွက် သွားကြပါရန် ဆွေးနွေးပြောကြားခဲ့ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm