Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တောင်ဘိုကျေးရွာတွင်VDPစီမံကိန်းဖြင့် ဆိုလာရေသန့်စင်စနစ်တပ်ဆင်းခြင်းနှင့် ဂါလံ(၁၀၀၀)ဆံ့အုတ်ရေကန် ဆောင်ရွက်နေမှုအား ကွင်းဆင်းဆောင်ရွက်


02 Nov,2023

ဝမ်းတွင်း  နိုဝင်ဘာ ၂

ဝမ်းတွင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေး နှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း  (VDP)ဖြင့်    ဆင်ချီတိုင်အုပ်စု၊    ဆားတောင်ကျေးရွာ၊ ဗြင်ကြီးအုပ်စု၊   ကျွဲတပ်ကျေးရွာ၊  ရာသင်္ချာအုပ်စု၊  ရာသင်္ချာကျေးရွာ၊  တောင်ဘိုအုပ်စု၊    တောင်ဘို ကျေးရွာ၊  ရွှေတောင်အုပ်စု၊  ရွှေဂံကျေးရွာ၊  ထီးလှိုင်အုပ်စု၊  ထီးလှိုင်(န) ကျေးရွာတို့တွင်  နိုင်ငံတော် ထောက်ပံ့ငွေ(၁၅)သန်း၊ ပြည်သူထည့်ဝင်ငွေ (၄.၅)သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျှက် ရှိပါသည်။

တောင်ဘိုအုပ်စု၊ တောင်ဘိုကျေးရွာတို့တွင် (VDP)စီမံကိန်းအား နိုင်ငံတော်ထောက်ပံ့ငွေ (၁၅)သန်း ပြည်သူထည့်ဝင်ငွေ(၄.၅)သန်း   စုစုပေါင်း(၁၉.၅)သန်းဖြင့်  ကျေးရွာတွင်းကွန်ကရစ်လမ်း ခင်းခြင်း (၅၅၀¢x၁၂¢x၀¢-၆²)၊ ဆိုလာရေသန့်စင်စနစ်တပ်ဆင်ခြင်းနှင့် ဂါလံ(၁၀၀၀)ဆံ့အုတ်ရေကန် တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။  ယခုအခါ  တောင်ဘိုကျေးရွာတွင်    ဆိုလာ ရေသန့်စင်စနစ်တပ်ဆင်ခြင်းနှင့် ဂါလံ(၁၀၀၀)ဆံ့အုတ်ရေကန် တည်ဆောက်ခြင်းအား ဆောင်ရွက် ပြီးစီးပြီးဖြစ်၍  ရာခိုင်နှုန်းအားဖြင့် (၁၀၀%)ပြီးစီးပြီးဖြစ်ပါသည်။ အဆိုပါ ဆိုလာရေသန့်စင်စနစ် တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးပါက တောင်ဘိုအုပ်စု၊ တောင်ဘိုကျေးရွာရှိ အိမ်ခြေ(၂၁၀)အိမ်၊ လူဦးရေ(၁၁၀၆)ဦးအား သောက်သုံးရေသန့်အား ရရှိမည်ဖြစ်ပါသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm