Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဇမ္ဗူသီရိမြို့နယ်သမဝါယမအသင်းစု(လီမိတက်)ကနှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်အဖွဲ့ရွေးချယ်တင်မြှောက်ပွဲကျင်းပ


03 Nov,2023

နေပြည်တော် နိုဝင်ဘာ ၂

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်သမဝါယမအသင်းစု(လီမိတက်)၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ ရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်အဖွဲ့ရွေးချယ် တင်မြှောက်ပွဲကို ဇမ္ဗူသီရိမြို့နယ်သမဝါယမဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအစည်းအဝေးသို့ နေပြည်တော်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ယုယုအေး၊ နေပြည်တော်သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ ဦးတင်ထွန်းနှင့် တိုင်းအဆင့်ဖွဲ့စည်းရေးကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေး ပထမပိုင်းတွင် နေပြည်တော်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ယုယုအေးက ယခုလို အရပ်ရပ်ဆိုင်ရာအစည်းအဝေးများပြုလုပ်ရခြင်းသည် အသင်း၏ စီးပွားရေးလုပ်ငန်းမှ ဝင်ငွေများအပေါ်စီမံခန့်ခွဲခြင်း၊ ရှေ့ဆက်ဆောင်ရွက်မည့်အစီအစဉ်များကို ချမှတ်ခြင်း၊ အမှုဆောင်အဖွဲ့အသစ်ပြန်လည်ရွေးချယ်တင်မြှောက်ခြင်းတို့ကို ပြုလုပ်ရကြောင်း ရှင်းလင်းမှာကြားခဲ့သည်။ ဆက်လက်ပြီး အမှုဆောင်ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ၊ အသင်း၏ရှေ့လုပ်ငန်းစဉ်များ၊ အသင်းစာရင်းစစ်အစီရင်ခံစာများ၊ အသင်း၏ ဘဏ္ဍာရေးအစီရင်ခံစာများကို အမှုဆောင်အဖွဲ့ဝင် အသီးသီးက ဖတ်ကြားတင်ပြခဲ့ရာ တက်ရောက် လာသော အသင်းဝင်ကိုယ်စားလှယ်များက ကန့်ကွက်ရန် မရှိပါသဖြင့် သဘာပတိက အတည်ပြု ခဲ့ပြီးနောက် (၅)နှစ်သက်တမ်းပြည့်ပြီးဖြစ်သည့် အမှုဆောင်အဖွဲ့က နှုတ်ထွက်ခဲ့ကြသည်။

ထို့နောက် အစည်းအဝေး ဒုတိယပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်သမဝါယမအသင်းစု (လီမိတက်)၏ အမှုဆောင်အဖွဲ့အသစ် ပြန်လည်ရွေးချယ်တင်မြှောက်ပွဲကို ကျင်းပခဲ့ရာ တိုင်းအဆင့် ဖွဲ့စည်းရေးကော်မတီ ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဒေါ်ယုယုအေးက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ အမှုဆောင်အဖွဲ့ရွေးချယ်တင်မြှောက်ခြင်းနှင့်စပ်လျဉ်း၍ အဆိုပြုထောက်ခံခြင်း၊ လျှို့ဝှက်ဆန္ဒမဲပေး ရွေးချယ်ခြင်းစသည်တို့ကို ရှင်းလင်းပြောကြားကာ သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တက်ရောက်လာသော သမဝါယမအသင်းဝင်ကိုယ်စားလှယ်များ (၂၅)ဦးအနက်မှ အမှုဆောင်ဒါရိုက်တာအဖွဲ့(၅)ဦးနှင့် အသင်းစာရင်းစစ်(၂)ဦးတို့ကို ရွေးချယ် တင်မြှောက်ပေးခဲ့ပြီး၊ ရွေးချယ်ခံရသည့် အမှုဆောင် အဖွဲ့သစ်(၇)ဦးတို့က အချင်းချင်း တာဝန် ခွဲဝေသတ်မှတ်ခြင်း၊ သဘာပတိရှေ့မှောက်တွင် ကတိသစ္စာခံယူခြင်းတို့ကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm