ခရမ်း နိုဝင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ ကရင်ကန်ကျေးရွာအုပ်စု၊ ကရင်ကန်ကျေးရွာ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ခရမ်းမြို့နယ်သမဝါယမအသင်းမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ရယူဆောင်ရွက်သည့် ကရင်ကန်ကျေးရွာ သုခစံစိုက်ပျိုး ထုတ်လုပ်ရေးသမဝါယမအသင်းကုမ္ပဏီမှ အသင်းသား ဦးဌေးအောင်၏လယ်ဧက (၆)ဧက၊ ဦးခင်ဇော်ဝင်း၏ လယ်ဧက (၁၄)ဧက၊ ဦးတင်ဝင်း၏ လယ်ဧက (၂၀)ဧက၊ ဦးအောင်ခင်ဆင့်၏ လယ်ဧက (၅)ဧကတို့ကို ယနေ့နံနက် (၁၀) နာရီက မိုးစပါးများ စတင်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
ခရမ်းမြို့နယ်တွင် သမဝါယမအသင်းစုမှ ရယူ၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် သမဝါယမအသင်းပေါင်း (၃) သင်း ကုမ္ပဏီတစ်ခုရှိပြီး စုစုပေါင်း (၄)သင်း၏ လယ်ဧက (၁၆၈၈)ဧကရှိသည့်အနက် ခရမ်းမြို့နယ်၊ ကရင်ကန်ကျေးရွာအုပ်စု၊ ကရင်ကန် ကျေးရွာရှိ သုခစံစိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းကုမ္ပဏီတွင် အသင်းသား (၂၄)ဦး စိုက်ဧက (၁၈၈)ဧကမှ တောင်သူများ၏လယ်ဧက(၄၅)ဧကကို စတင်ရိတ်သိမ်းခဲ့ရာ တစ်ဧက လျှင် စပါးတင်း(၇၀)တင်း ထွက်ရှိကြောင်း သိရသည်။
အဆိုပါ မိုးစပါးစတင်ရိတ်သိမ်းနေမှုကို သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်သန္တာအောင်နှင့်တာဝန်ရှိသူများ၊ ကုမ္ပဏီမှတာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ကိုမင်း
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်