အောင်လံ နိုဝင်ဘာ ၁
မကွေးတိုင်းဒေသကြီး အောင်လံခရိုင် အောင်လံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက အောင်လံ-ပြည်ကားလမ်းမကြီးမှ မင်းကန်ကျေးရွာအဝင်လမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အောင်လံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်၊ အောင်လံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးဗိုလ်မင်းနှင့် တာဝန်ရှိသူများက အောင်လံမြို့နယ် မင်းကန်ကျေးရွာအဝင်လမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး အောင်လံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်က သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန် မှာကြားသည်။
အဆိုပါမင်းကန်ကျေးရွာအဝင်လမ်း အရှည်တစ်မိုင်၊ အကျယ် ၁၂ ပေ၊ အမြင့် လေးလက်မ ကတ္တရာထပ်ပိုးလွှာ ခင်းခြင်းလုပ်ငန်းကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၁၇၉ ဒသမ ၉၅ သန်းဖြင့် နီလာဧရာကုမ္ပဏီက စက်တင်ဘာလ ဒုတိယပတ်မှ စတင်တာဝန်ယူ ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၇ဝ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးပါက မင်းကန်ကျေးရွာအပါအဝင် ကျေးရွာနှစ်ရွာရှိ အိမ်ခြေ ၃၈ဝ၊ လူဦးရေ ၁၆ဝဝ အတွက် ရာသီမရွေး သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
သူသူ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်