Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြို့သစ်မြို့နယ် ပေကုန်းကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ သတ္တမအကြိမ်ထုတ်ချေး


02 Nov,2023

မြို့သစ်       နိုဝင်ဘာ       ၂

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တပိုင်တနိုင်မိသားစုကိုယ်ပိုင်စီးပွား ရေးလုပ်ငန်းများဆောင်ရွက်ရန် လိုအပ်သော ငွေကြေးအရင်း အနှီးရရှိစေရန်အတွက် ပေကုန်းကျေးရွာအုပ်စု၊ ပေကုန်းကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ သတ္တမအကြိမ် ထုတ်ချေးပေးခြင်းကို နိုဝင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းက အဆိုကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ဦစီးအရာရှိ ဒေါ်သူဇာလွင်က မြစိမ်းရောင်‌ကျေးရွာစီမံကိန်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများ၊ အတိုးဆပ်ကာလ၊ အရင်းဆပ်ကာလနှင့် အတိုးနှုန်း သတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး စီမံကိန်းရန်ပုံငွေကျပ် ၄၉ ဒသမ ၇ သန်းကို ပေကုန်းကျေးရွာ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

ထို့နောက် မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန စီမံကိန်းတာဝန်ခံဝန်ထမ်းများ၏ ကြီးကြပ်မှုဖြင့် ပေကုန်းကျေးရွာ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေး လုပ်ငန်းနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်း လုပ်ကိုင်သူ စီမံကိန်းအသင်းဝင် ၉၁ ဦးအား ငွေကျပ် ၄၉ ဒသမ ၇ သန်းကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တပိုင်တနိုင်အသေးစားစီးပွားရေးလုပ်ငန်းများဆောင်ရွင်ရန် အတိုးနှုန်းသက်သာသည့်ငွေကြေးအရင်းအနှီးရရှိစေရန်၊ တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာအတွက်အမှန်တကယ်လိုအပ်သောဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ဆောင်ရွင်ပေးရခြင်းဖြစ်ကြောင်း မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm