Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိတ္ထီလာမြို့နယ် ကျေးလက်ကုန်ထုတ်လမ်းလုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


02 Nov,2023

မန္တလေး နိုင်ဝင်ဘာ ၂

           မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဂွေးကုန်းကျေးရွာ ကျေးလက် ကုန်ထုတ်လမ်း/တံတားလုပ်ငန်းများဆောင်ရွက်နေမှုကို အောက်တိုဘာ ၂၀ ရက်တွင် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)မှ  ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ)၊ ဦးတေဇာနေမျိုးဝင်း နှင့် အင်ဂျင်နီယာဝန်ထမ်းများ၊ မိတ္ထီလာ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြင့်ဝင်း၊ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ ဦးချမ်းငြိမ်းဝင်းနှင့် အင်ဂျင်နီယာ ဝန်ထမ်းများမှ ကျေးရွာလမ်းကော်မတီအဖွဲ့များ၊ ရပ်မိရပ်ဖများ ၊ ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ဂွေးကုန်းကျေးရွာနှင့် လယ်ကွက်အမှတ်(၈၉၄)သို့ ဆက်သွယ်ထားသည့် ကုန်ထုတ်လမ်း ဖောက်လုပ် နေမှုအား ကြည့်ရှုစစ်ဆေး၍ သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းပြည့်မှီစွာဖြင့် ဆောင်ရွက်နိုင်ရေး ပြောကြားသည်။

          မိတ္ထီလာမြို့နယ် ဂွေးကုန်းကျေးရွာနှင့် လယ်ကွက်အမှတ်(၈၉၄)သို့ ဆက်သွယ်သည့် ကုန်ထုတ်လမ်း(၂/၀)မိုင်နှင့် Slab Culvert (၂)စင်း ဆောင်ရွက်ခြင်းလုပ်ငန်းအား ပျော်ဘွယ်သား ကုမ္ပဏီမှ ပြည်ထောင်စုရန်ပုံငွေကျပ် ၁၄၀ ဒဿမ ၆၃ သန်းဖြင့် တာဝန်ယူ၍ ဩဂုတ်လ ၂၂ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းပမာဏ၏ ၃၅ ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။ အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးပါက ဂွေးကုန်းကျေးရွာအပါဝင် ကျေးရွာ(၄)ရွာ၊ အိမ်ခြေ (၆၅၉)၊ လူဦးရေ(၃၄၄၅)ဦး၊ စိုက်ပျိုးရေးဧက (၁၂၀၀၀)ဧကနှင့် မွေးမြူရေးကောင်ရေ (၁၅၀၀) အား အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm