ပုသိမ်ကြီးမြို့ နိုဝင်ဘာလ ၂ ရက်
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ ပုသိမ်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကံပြင်ကျေးရွာအုပ်စု၊ ကံပြင်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေကို (၂၃.၁၀.၂၀၂၃)ရက်နေ့တွင် မြို့နယ်ဦးစီးမှူးနှင့်ရုံးဝန်ထမ်းများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိ ရပါသည်။
ပုသိမ်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ် တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းကျေးရွာ(၇)ရွာ ဆောင်ရွက်ခဲ့ပါသည်။ (၈/၂၀၂၃)လတွင် လုပ်ငန်းများစတင်ဆောင်ရွက်ခဲ့ပြီး ယခုအခါ လုပ်ငန်း(၉၀)ရာခိုင်နှုန်း ပြီးစီး နေပြီဖြစ်ပြီး လုပ်ငန်းပြီးစီးမှုအခြေအနေများအား မြို့နယ်ဦးစီးမှူးဦးစန်းယုလှိုင်မှ ကွင်းဆင်း စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်