Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စဉ့်ကူးမြို့နယ် ခမ်းပါးကျေးရွာ၌ အဌမအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေထုတ်ချေး


02 Nov,2023

စဉ့်ကူး နိုဝင်ဘာ  ရက်

          မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်က မြစိမ်းရောင်ကျေးရွာစီမံကိန်း စတင်အကောင်အထည်     ဖော်ဆောင်ရွက်ခဲ့သည့် ခမ်းပါးကျေးရွာ၌ အဌမအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်း မပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးခြင်းကိုနိုဝင်ဘာ ယနေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

          ရှေးဦးစွာ စဉ့်ကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းက မြစိမ်းရောင်ကျေးရွာစီမံကိန်းသည် ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျှော့ကျ စေရန်၊ မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် မြို့ပြနှင့်ကျေးလက် လူနေမှုအဆင့် အတန်းကွာဟမှုကို လျှော့ချနိုင်စေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး ပေးခြင်းဖြစ်ကြောင်း အသင်းသား၊အသင်းသူများအနေဖြင့် စီမံကိန်းလက်စွဲစာစောင်ပါ ညွှန်ကြား ချက်များနှင့်အညီ ချေးငွေရယူသည့်လုပ်ငန်းများကို အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်၊ ရန်ပုံငွေလေလွင့်မှုမရှိစေရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဥပဒေပါ ပြဌာန်းချက်များကို ရှင်းလင်းပြောကြားသည်။

          ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံတို့က မြစိမ်းရောင်ကျေးရွာစီမံကိန်း  ကြီးကြပ်မှုကော်မတီများနှင့်အတူ ခမ်းပါး ကျေးရွာမှ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၉၄)ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ(၃၀)ဦး၊ အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်သူ(၇)ဦး၊ အသက်မွေးလုပ်ငန်းလုပ်ကိုင်သူ (၂၆)ဦး စုစုပေါင်း အသင်းသား၊ အသင်းသူ (၁၅၇)ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ် ရန်ပုံငွေ ကျပ် ၄၅၇ သိန်းထုတ်ချေးပေးခဲ့ကြောင်းသိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm