Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

နွားထိုးကြီးမြို့နယ် မင်းကုန်းကျေးရွာတွင် VDP စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြိးစီးမှု ကွင်းဆင်းစစ်ဆေး


02 Nov,2023

နွားထိုးကြီး  နိုဝင်ဘာ ၂

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း( VDP)ရန်ပုံငွေနှင့် ပြည်သူလူထုပူးပေါင်းပါဝင်မှုတို့ဖြင့် ဆောင်ရွက်သော မင်းကုန်းကျေးရွာတွင် ကျေးရွာတွင်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ယနေ့ နံနက်ပိုင်းက မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် နွားထိုးကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသိန်း၊ VDP စီမံကိန်းတာဝန်ခံတို့နှင့်အတူ မင်းကုန်းကျေးရွာတွင် ကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ‌ေဆာင်ရွက်‌ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျေးရွာကော်မတီဝင်များနှင့်တွေ့ဆုံကာ မြို့နယ်ဦးစီးမှူးက လုပ်ငန်းများရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန် ဆွေးနွေးမှာကြားပြီး လိုအပ်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။

အဆိုပါ‌ မင်းကုန်းကျေးရွာတွင် လမ်းအရှည် ၈၉၀ ပေ၊ အကျယ် ၁၂ ပေနှင့် ထု ၆လက်မရှိ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေ ကျပ်သိန်း ၁၅၀၊ ကျေးရွာလူထုထည့်ဝင်‌ေငွ ကျပ် ၄၅ သိန်း နှင့် ဦးစီးဌာနမှ နည်းပညာကူညီပံ့ပိုးမှုတို့ဖြင့် စက်တင်ဘာလ ပထမပတ်မှစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း နွားထိုးကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသိန်းထံက သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm